၆၇ နှစ်မြောက်ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့ ကျောက်သားရင်ပြင်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့ကကျင်းပရာ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့် တက်ရောက်ပြီး တိုင်းရင်းသားများ ခံစားသင့်ခံစားထိုက်သော ရသင့်ရထိုက်သော အခွင့်အရေးများအား ဦးစားပေးပုံဖော်လျက်ရှိကြောင်း နှုတ်ခွန်းဆက် အမှာစကားတွင်ပြောကြားသည် ။
''ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့လည်း ပြည်နယ်တိုင်းဒေသမခွဲခြားဘဲ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ပြည်နယ်တိုင်းအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ် ။ ထို့အတူပဲတိုင်းရင်းသား ညီအစ်ကိုမောင်နှမများရဲ့ ခံစားသင့်ခံစားထိုက်တဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ကျွန်တော်တို့ ဦးစားပေးပြီးတော့ ပုံဖော်နေလျက်ရှိပါတယ် ။ ဒါ့အပြင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ဘာသာစကား ။ စာပေ ။ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေ ဖွံ့ဖြိုးတိုးတက် တည်တန့်ခိုင်မြဲစေဖို့ ထိန်းသိမ်းကာကွယ်နိုင်ဖို့။ မြှင့်တင်နိုင်ဖို့ ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ် '' ဟု နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်မှ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသည် ။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ပေးပို့သော သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုမှ ဖတ်ကြားရာတွင် သဝဏ်လွှာ စာမျက်နှာ ၂ တွင် မယ်စဲ့ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ညီအစ်မမြို့တော်အဖြစ် ဆောင်ရွက်ထား ရှိကြောင်းပါဝင်ရာ မြေပြင်တွင် ကုန်သွယ်ရေးစခန်းမှာ ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာမျက်နှာနှင့် ဒေသခံအရပ်ဖက်အဖွဲ့များထံမှ သိရသည် ။
ထို့ပြင် သဝဏ်လွှာထဲတွင် ကယားပြည်နယ်သည် နိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးပါသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ လောပိတရေအားလျှပ်စစ်စက်ရုံများရှိသည့်အပြင် သံလွင်မြစ် ။ ဘီလူးချောင်း ။ ငွေတောင်ဆည် စသည့်မြစ်ချောင်း ဆည်မြောင်းများနှင့် ရေတံခွန် ။ စိမ့်စမ်းများ ။ လှိူဏ်ဂူများ ။ သဘာဝတောတောင်အလှအပများ ပေါကြွယ်ဝသောကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်သောပြည်နယ်ဖြစ်ကြောင်းလည်း ပါဝင်သည် ။
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များမှာ ကျောက်သားရင်ပြင်တွင် ကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားအပြီးတွင် ပြည်နယ်နေ့ပြခန်းများသို့လည်းကောင်း ။ ကယန်းကြေးကွင်း ဝတ်တိုင်းရင်းသားများနေထိုင်ရာ ပန်ပက်ကျေးရွာနှင့် အခြားထင်ရှားသောနေရာများသို့ သွားရောက်၍ ညနေပိုင်းတွင် ပြည်နယ်အစိုးရမှ တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ။ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြည်နယ်ခန်းမတွင် တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။
ဖဆပလအစိုးရလက်ထက်တွင် သီးခြားလွတ်လပ်သော ပြည်နယ်တစ်ခုဖြစ်ခဲ့သည့် ကရင်နီပြည်နယ်မှ ကယားပြည်နယ်သို့ အမည်ပြောင်းလဲသတ်မှတ်လိုက်သည့် နေ့ကို ကယားပြည်နယ်နေ့အဖြစ် ကျင်းပလာခြင်းကို ပြည်နယ်တွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များ ။ အရပ်ဖက်အဖွဲ့များ ။ နိုင်ငံရေးပါတီများမှ ကရင်နီပြည်နယ်သို့ ပြန်လည်သတ်မှတ်ရန်အတွက် တောင်းဆိုလျက်ရှိကြောင်းလည်း သိရသည် ။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ။ စစ်ဘက်ဆိုင်ရာအရာရှိများ ။ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ။ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ။ဌာနဆိုင်ရာဝန်ထမ်းများ ။ ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည် ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
