ဂျပန်နိုင်ငံချေးငွေ အပါအဝင် စုစုပေါင်း ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် ၃ ) စီမံကိန်းစတင်ရန် လာမည့် ဖေဖော်ဝါရီတွင် ပန္နက်တင် အခမ်းအနားကျင်းပရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား -အမှတ်၃) စီမံကိန်း တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေဒေါ်လာ ၂၈၂ ဒသမ ၅၄၀ သန်းနှင့် မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း စုစုပေါင်း ဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်းဖြင့် ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းပြီးစီးရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သိရသည်။
“သန်လျင်တံတား -အမှတ် ၃ စီမံကိန်းကို လာမယ့် ဖေဖော်ဝါရီလထဲမှာ ပန္နက်တင် အခမ်းအနားကျင်းပဖို့ စီစဉ်ထားပါတယ်။ ဂျပန်နိုင်ငံ မြေယာ၊ အဆောက်အုံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ဒုဝန်ကြီးလည်း တက်ရောက်မယ်လို့ စီစဉ်ထားတဲ့အတွက် ပန္နက်တင် အခမ်းအနားကို ဖေဖော်ဝါရီလထဲမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ဒေါ်လာ ၂၈၂ ဒသမ ၅၄ သန်းနှင့် ညီမျှသည့် ဂျပန်ယန်း ၃၁ ဒသမ ၀၅၁ ဘီလျံ ချေးငွေ ချေးယူရေးကိစ္စကို ပြည်ထောင်စုလွှတ်တော် မှ အတည်ပြုပေးနိုင်ရန် တင်ပြခဲ့ပြီး စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက သန်လျင်တံတား အမှတ်-၃ ချေးငွေချေးယူရေးကိစ္စအား ရှင်းလင်းတင်ပြပြီးနောက် လွှတ်တော်က ချေးငွေယူရန် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သန်လျင်တံတား အမှတ်-၃ ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး သန်လျင်တံတား အမှတ် ၁ ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည် ဖြစ်သည်။
သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်မည့် ယင်းတံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာ ရှည်လျားသည်။ သာကေတဘက်ခြမ်း ချဉ်းကပ်တံတား အရှည်မှာ မီတာ ၃၀၀ ရှိကာ သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာ ဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။ Fly over Bridge ချဉ်းကပ်တံတားအပိုင်းတွင် သာကေတဘက်ခြမ်း၌ ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်းတွင် ၁၈၈ မီတာရှိပြီး လေးလမ်းသွား ပင်မတံတားအကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Fly over Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း) နှင့် တစ်လမ်းသွား One ramp Bridge အကျယ် မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့်လမ်း) ဖြစ်သည်။ တံတား၏ ကိုယ်ထည်ကို Steel Box Grider Steel Box Girder ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည် ဖြစ်ကာ ယာဉ်တစ်စီးစီ၏ ခံနိုင်ဝန်မှာ ၇၅ တန် သတ်မှတ်ထားသည်။
သန်လျင်တံတား အမှတ် ၃ ၏ တံတားပုံစံကို ဂျပန်နိုင်ငံမှ အကူအညီပေးခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ တည်ဆောက်မည် ဖြစ်ကာ ဆောက်လုပ်ရေးတွင် မြန်မာအင်ဂျင်နီယာအချို့ အားဖြည့် တည်ဆောက်သွားမည် ဖြစ်သည်။ တံတားအား၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ပန္နက်တင် အခမ်းအနား ကျင်းပရန် စီစဉ်ထား ပြီး ၂၀၂၁ ခုနှစ် မတ်လဆန်းတွင် ပြီးစီရန် မျှော်မှန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
