ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း အကောင်အထည်ဖော်ထားသည့် ကျန်စစ်မင်းအိမ်ရာမှ အနိမ့်ဆုံး ကျပ်သိန်း ၁၁၀ ဝန်းကျင်မှ အမြင့်ဆုံး ကျပ်သိန်း ၂၈၀ နီးပါးရှိသည့် တိုက်ခန်းများကို ဦးရာလူစနစ်ဖြင့် ဇန်နဝါရီ ၁၄ ရက်က စတင်ရောင်းချလျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကျန်စစ်မင်းအိမ်ရာ၌ အကျယ်အဝန်း ၆၅၀ စတုရန်းပေရှိသည့် လေးခန်းတွဲ ငါးထပ် (လေးဖက်လှ) တိုက်ခန်းများ၏ စျေးနှုန်းများမှာ ကျပ်သိန်း၂၁၄ သိန်း၊ ကျပ်၂၂၉ သိန်း၊ ကျပ်၂၄၄ သိန်း၊၂၅၉ သိန်း၊၂၇၄ သိန်း စသည်ဖြင့် စျေးနှုန်းရှိကြောင်း သိရသည်။
ထို့ပြင် အကျယ်အဝန်း ၆၅၀ စတုန်းရန်းပေ ရှိသည့် လေးခန်းခွဲ ငါးထပ် တိုက်ခန်းများ၏ စျေးနှုန်းများမှာ၂၁၆ သိန်း၊ သိန်း၂၃၀ ၊ ၂၄၆ သိန်း၊ သိန်း ၂၆၀၊၂၇၆ သိန်း စသည်ဖြင့် အသီးသီးစျေးနှုန်းများဖြင့် ရောင်းချလျက် ရှိသည်။
အကျယ်အဝန်း ၅၂၂ စတုရန်းပေ ရှိသည့် ရှစ်ခန်းတွဲ ငါးထပ်တိုက်များရှိ တိုက်ခန်းများ၏ စျေးနှုန်းများမှာ ကျပ် ၁၀၉ သိန်း၊ ၁၁၉ သိန်း၊ ၁၂၉ သိန်း၊ ၁၃၉ သိန်းနှင့် ၁၄၂ သိန်းစသည့် စျေးနှုန်းများဖြင့် ရောင်းချနေခြင်း ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းမှ တန်ဖိုးသင့်၊ တန်ဖိုးနည်းအခန်းများကို လက်ငင်း ငွေအကြေစနစ်ဖြင့် ဝယ်ယူမည့်သူများအတွက် ဦးရာလူစနစ်ဖြင့် လည်းကောင်း၊ ဘဏ်နှင့် ချိတ်ဆက် ဝယ်ယူမည့်သူများအတွက် မဲနှိုက် ရောင်းချမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ အခန်းများကို ဝယ်ယူရန် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာ ငွေစုစာရင်း ဖွင့်လှစ်ထားသူများအနက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ဘဏ်စုဆောင်းငွေ ပြည့်မီသူများ၏ စာရင်းကို ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်မှ ပေးပို့လာသည့် အောက်တိုဘာ ၃၁ ရက်အထိ စုဆောင်း ငွေကျပ် သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိသူ စာရင်း ၃၂၀၈ ဦးတွင် ပါဝင်သူများသည် ကျန်စစ်မင်းအိမ်ရာ စီမံကိန်းရှိ တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ အခန်းများကို လက်ငင်းငွေအကြေစနစ်ဖြင့် ရောင်းချမည့် အစီအစဉ်နှင့် ဘဏ်ချေးငွေဖြင့် ချိတ်ဆက်ရောင်းချမည့် အစီအစဉ်များဖြင့် ရောင်းချမည် ဖြစ်သည်။
လက်ငင်း ငွေအကြေစနစ်ဖြင့် ရောင်းချမည့်အစီအစဉ်တွင် အခန်းဝယ်ယူမည့် သူများသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အတွင်း ဦးရာလူစနစ်ဖြင့် လည်းကောင်း၊ ဘဏ်ချေးငွေဖြင့် ရောင်းချမည့် အစီအစဉ်တွင် အခန်းဝယ်ယူမည့် သူများသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ဌာနသို့ စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း၊ စာရင်းပေးသွင်းလာသူများအား ဌာနမှ ဘဏ်စုဆောင်းငွေစာရင်း အမှတ်စဉ်အလိုက် ပြန်လည်ပြုစု၍ အခန်းများကို မဲနှိုက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
