အလုပ်ရမည်ဟုဆိုကာ ပွဲစားက မြန်မာလုပ်သား ၁၀၀ ခန့်ကို လိမ်လည်သဖြင့် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
မြန်မာအလုပ်သမားများမှာ ထိုင်းပွဲစားများကို တစ်ဦးလျှင် ဘတ် သုံးထောင်မှ ခုနစ်ထောင်အကြားပေးခဲ့ရပြီး အချို့မှာ ငွေလက်ငင်းပုံစံဖြင့်လည်းကောင်း၊ အချို့မှာ ငွေလွှဲအကောင့်များမှတစ်ဆင့် လည်းကောင်း ပေးချေခဲ့ရသည်ဟု ဆိုသည်။
ခွန်ခမ်းရဲစခန်းမှ ရဲမှူး ဆွမ်ချိုင်းခိုခါ၏ ပြောကြားချက်အရ အလုပ်သမားများက ယင်းကုမ္ပဏီတွင် အလုပ် လာရောက်စုံစမ်းရာတွင် လုံခြုံရေးက လိမ်လည်သည့် ပွဲစားနှစ်ဦးကို ချိတ်ဆက်ပေးခဲ့ကြောင်း၊ အလုပ်အား နိုဝင်ဘာ ၂၀ ရက်တွင် စတင်လုပ်ကိုင်ရမည်ဆိုသဖြင့် အလုပ်သမားများမှာ ကန့်ခမ်းမြို့ Ekachai Road ရှိ Index Interfurn ကုမ္ပဏီရှေ့သို့ လာရောက်ခဲ့သော်လည်း အလုပ်လုပ်ကိုင်ခွင့်မရရှိခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ညပိုင်းတွင် အလုပ်ဆင်းရမည်ဟု ပွဲစားအမျိုးသမီးတစ်ဦးက ထပ်မံပြောကြားရာ မြန်မာအလုပ်သမားအချို့က ငွေကြေးပြန်လည်တောင်းခံခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးက ပြန်ပေးမည်ဟု ပြောကြားခဲ့ပြီးနောက် ထွက်ပြေးခဲ့ရာ ယင်းကုမ္ပဏီတွင် လူစုလူဝေးဖြစ်ပွားခဲ့သည်ဟု အဆိုပါ ရဲမှူးက ဆက်လက်ပြောကြားသည်။
ယင်းနောက် မြန်မာလုပ်သားများမှာ ဆန္ဒပြခဲ့ရာ အဆိုပါကုမ္ပဏီမှ မန်နေဂျာတစ်ဦးက ကုမ္ပဏီအနေဖြင့် မည်သည့်အလုပ်သမားမျှ မခေါ်ယူထားကြောင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းသွားသောကြောင့် ဂိုဒေါင်တွင် လူ ၁၀ ဦးသာ အလုပ်ခန့်ထားပြီး လုပ်ကိုင်နေကြောင်း မြန်မာလုပ်သားများကို ပြောကြားခဲ့သည်။
ပွဲစားများဟု ဆိုသော အမျိုးသမီးနှစ်ဦးနှင့် ပတ်သက်၍ ကုမ္ပဏီ မန်နေဂျာက ၎င်းတို့ကို ယခင်က တစ်ခါမှ တွေ့ဆုံခဲ့ခြင်း မရှိကြောင်း၊ ၎င်းတို့သည် ကုမ္ပဏီ၏ ဝန်ထမ်းများ မဟုတ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
လက်ရှိတွင် လုံခြုံရေးအစောင့်နှင့် အခြားသံသယရှိသူ များကို စစ်ဆေးမေးမြန်းနေပြီး ပွဲစားအတုများကို လိမ်လည်မှုဖြင့် တရားစွဲဆိုမည်ဟု ရဲမှူး ဆွမ်ချိုင်းခိုခါက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
