မန်ယူအသင်းမှ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ၎င်းမှာ ဗာရွန်လက်သစ်ဖြစ်သည်ဟု MUTVနှင့်တွေ့ဆုံမှုတွင် အရွှန်းဖောက်ခဲ့သည်။
'' ကျွန်တော်တို့ ဗာရွန်လက်သစ်ကို တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒါပေမဲ့ ဆံပင်ပေါ့။ ဆံပင်ကတော့ လိုနေသေးတယ်''ဟု ဖာနန်ဒက်စ်က ပြောကြားခဲ့သည်။
မန်ယူအသင်းဖော်ဖြစ်သူ ပေါ်တူဂီနောက်ခံလူ ဒါလော့က ၎င်းမှာ Netflixတွင်ပြသသည့် Narcos ဒရမ်မာဇာတ်ကားမှ ဇာတ်ကောင်နှင့်တူသည်ဟု Twitter တွင် ရေးသားခဲ့ပြီး
နောက် ဖာနန်ဒက်စ်က ယင်းကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဖာနန်ဒက်စ်အနေဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ ရောက်လာကတည်းက အသင်း၏အရေးပါသည့်ကစားသမားဖြစ်လာသည်ဟု ထောက်ခံခဲ့သည်။
သို့သော် ဖာနန်ဒက်စ်ကမူ နည်းပြ၏အစီအစဉ်များတွင် (၂၀၀)ရာခိုင်နှုန်းအထိ လုံ့လစိုက်ထုတ်သွားမည်ဟုလည်း ကတိပြုခဲ့သည်။
ဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက် (၉)ပွဲကစားထားရာတွင် (၃)ဂိုးသွင်းကာ (၄)ဂိုးဖန်တီးပေးထားခဲ့သည်။
မန်ယူအသင်းသည် ဖာနန်ဒက်စ်ကို စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၆၈)သန်းဖြင့် ခေါ်ယူခဲ့ပြီး (၅)နှစ်ခွဲစာချုပ် ချုပ်ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
