မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်းမှာ မိမိတို့၏ ချန်ပီယံဆုကိုလုယူနိုင်သည့် တစ်သင်းတည်းသော အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်းမှာ မိမိတို့၏ ချန်ပီယံဆုကိုလုယူနိုင်သည့် တစ်သင်းတည်းသော အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၂)နေရာတွင် ရပ်တည်နေသည့် မန်စီးတီးအသင်းသည် နိုဝင်ဘာ (၁၀)ရက် (တနင်္ဂနွေနေ့)တွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် (၆)မှတ်ဖြတ် ဦးဆောင်နေသည့် လီဗာပူးလ်အသင်းကို အဝေးကွင်း၌ ကစားရမည်ဖြစ်သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်းကို (၁)မှတ်အသာဖြင့် ကျော်ဖြတ်ကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။
အဂွဲရိုးက နောက်ပိုင်းနှစ်များတွင် လီဗာပူးလ်အသင်းမှာ အလွန်ကောင်းမွန်လာကြောင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံအတွက် ပြိုင်ဘက်ဖြစ်လာကြောင်း France Football နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အဂွဲရိုးက "ကျွန်တော် မန်စီးတီးအသင်းကို စရောက်တုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ရတာက မန်ယူအသင်းပါ။ ပြီးတော့ ချယ်လ်ဆီးအသင်းလည်း ရှိတယ်။ ဒါပေမဲ့ နောက်ဆုံး (၄)ရာသီလောက်မှာတော့ လီဗာပူးလ်အသင်းက တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကျွန်တော်တို့နဲ့ အပြိုင်ဖြစ်နေပါပြီ။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့ကို နာကျင်စေမယ့် တစ်သင်းတည်းသောအသင်းက သူတို့(လီဗာပူးလ်)ပါပဲ။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိဖို့ ကြိုးစားနေတာ ကြာပါပြီ။ ဒီရာသီမှာ သူတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ရာသီကုန်အထိ ဒီလိုဆက်နေနိုင်ဖို့ သူတို့ကြိုးစားပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
အသက် (၃၁)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် (၁၀)ပွဲတွင် (၁၀)ဂိုး သွင်းယူထားပြီး နည်းပြ ဂွါဒီယိုလာ လက်အောက်တွင် ၎င်း၏ ကစားပုံကို ပြောင်းလဲရကြောင်းလည်း ဝန်ခံခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
