ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အနည်းဆုံး ယခုရာသီကုန်အထိ အသင်းတွင် ရှိနေစေချင်သည်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အနည်းဆုံး ယခုရာသီကုန်အထိ အသင်းတွင် ရှိနေစေချင်သည်ဟု ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဘေးလ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ပြီး နောက်ဆုံးအချိန်တွင်မှ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဥရောပမီဒီယာများက ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားရသည်ကို စိတ်ကုန်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဖော်ပြနေကြသည်။
သို့သော် ဇီဒန်းက ဘေးလ်မှာ အသင်းအတွက် အလွန်အရေးပါသည့်ကစားသမားတစ်ဦးဖြစ်ပြီး မိမိအနေဖြင့် ဘေးလ်ကို ယခုရာသီကုန်အထိ အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ဂါလာတာစာရေးနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အကြို ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဇီဒန်းက "ကျွန်တော်ကတော့ ဂါရတ်ဘေးလ်ကို ယခုရာသီကုန်အထိ အသင်းမှ ဆက်ရှိနေစေချင်ပါတယ်။ ဒါပေမဲ့ လူတွေက ဘေးလ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်အသင်းက ထွက်ခွာမယ်လို့ ပြောနေကြပါတယ်။ ဒါတွေ အဓိပ္ပာယ်မရှိပါဘူး။ ရီးယဲလ်မက်ဒရစ်ပရိသတ်တွေအနေနဲ့ ကစားသမားတွေကို အသင်းမှ ပျော်ရွှင်အောင် ကြိုးစားသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဂါရတ်ဘေးလ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲကစားရာ၌ (၂)ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
