အီတလီအသင်းတိုက်စစ်မှူးဟောင်း လူကာတိုနီက ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့် အသင့်တော်ဆုံးနည်းပြဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီတလီအသင်းတိုက်စစ်မှူးဟောင်း လူကာတိုနီက ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့် အသင့်တော်ဆုံးနည်းပြဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဖရန့်ဖတ်အသင်းအား (၅-၁)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အသင်းနည်းပြ ကိုဗက်ကို ရာထူးမှထုတ်ပယ်ခဲ့သည်။
လက်ရှိတွင် ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ဖြစ်လာရန် လိုက်ပ်ဇစ်အသင်းနည်းပြဟောင်း ရန်းနစ်၊ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ၊ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးနှင့် မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုတို့ ရေပန်းစားနေကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကစားခဲ့ဖူးသည့် အီတလီတိုက်စစ်မှူးဟောင်း လူကာတိုနီက အယ်လီဂရီမှာ ဘိုင်ယန်မြူးနစ်နည်းပြရာထူးနှင့် အသင့်တော်ဆုံးဖြစ်သော်လည်း အယ်လီဂရီအနေဖြင့် ယင်းရာထူးကို လက်ခံမည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။
လူကာတိုနီက "ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် အယ်လီဂရီဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြရာထူးနဲ့ အသင့်တော်ဆုံးပါပဲ။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းကို သူ(အယ်လီဂရီ) ကိုင်တွယ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဂျာမန်တွေအနေနဲ့ အီတလီလူမျိုးနည်းပြတွေကို ဘယ်လိုသဘောထားတယ်တော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အယ်လီဂရီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတော်အဆင်ပြေမယ့် နည်းပြပါ။ အင်္ဂလန်ကတော့ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အယ်လီဂရီဟာ ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်မယ့်သူမျိုးပါ။ ကျွန်တော်သာ အယ်လီဂရီဆိုရင် မန်ယူအသင်းကို သွားမှာပါ"ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိတွင် ကိုဗက်၏ လက်ထောက်နည်းပြဖြစ်သူ ဟန်စ်ဖလစ်အား ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး နည်းပြသစ်ကို (၃)ပတ်အတွင်း ခန့်အပ်သွားရန် စီစဉ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
