အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီက PSG အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခွင့်ရရန် မိမိအနေဖြင့် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီက PSG အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခွင့်ရရန် မိမိအနေဖြင့် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ အီကာဒီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက အင်တာမီလန်အသင်းမှ PSG အသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
အီကာဒီသည် ယခုရာသီတွင် PSG အသင်း၌ ခြေစွမ်းပြနေပြီး မိမိအနေဖြင့် ယခုရာသီကုန်တွင် PSG အသင်းသို့ အပြီးသတ်ပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီကာဒီက "ဘာတွေ ဖြစ်လာမယ်ဆိုတာကိုတော့ ကျွန်တော် မသိသေးပါဘူး။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးဖြစ်ချင်ပါတယ်။ ဒါကြောင့်လည်း PSG အသင်းကို ကျွန်တော် လာခဲ့တာပါ။ PSG အသင်းဟာ ကမ္ဘာအကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဒီအသင်းမှာ ကစားခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် ခြေလှမ်းသစ်လည်း ဖြစ်ပါတယ်။ PSG အသင်းမှာ ဆက်လက်ကစားခွင့်ရဖို့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် အီကာဒီက မိမိအနေဖြင့် အင်တာမီလန်အသင်းတွင် အလွန်ရှုပ်ထွေးသည့် အနေအထားနှင့် ရင်ဆိုင်ခဲ့ရပြီး PSG အသင်းအားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုကြောင့် PSG အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
PSG အသင်းသည် အသင်းတွင် ခြေစွမ်းပြနေသည့် အီကာဒီကို အပြီးသတ်ခေါ်ယူမည်ဆိုပါက အင်တာမီလန်အသင်းကို ယူရိုသန်း (၆၀) ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
အီကာဒီသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲကစားရာ၌ (၇)ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
