တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခ ပိုမိုကောက်ခံခြင်း မပြုရန် စည်းကမ်းသတ်မှတ်ထားသော်လည်း မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၁၀,၀၀၀ ကောက်ခံနေသည်ဟု ဧည့်သည်များက ပြောကြားသည်။
အဝေရာမီးပုံးပျံကွင်းပတ်ပတ်လည်တွင် ယာဉ်ရပ်နားရန်နေရာ သုံးကွင်းကို လေလံပေးထားခြင်းဖြစ်ပြီး မီးပုံးပျံကွင်းနှင့်နီးလျှင် မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၁၀,၀၀၀၊ ကွင်းနှင့် နည်းနည်းဝေးလျှင် ကျပ် ၅၀၀၀၊ ကျပ် ၃၀၀၀ စသဖြင့် ခွဲခြားထားကြောင်း သိရသည်။
များသောအားဖြင့် ဖွင့်ပွဲနေ့၊ အဖိတ်နေ့ နှင့် လပြည့်နေ့များတွင် ပွဲတော်ကွင်းအတွင်း လူစည်ကားလေ့ရှိပြီး အဆိုပါနေ့များတွင် မော်တော်ယာဉ်ရပ်နားခ စျေးနှုန်းအဆမတန် ကောက်ခံမည်ကို ပွဲလာပရိသတ်များ စိုးရိမ်နေကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီး ကျင်းပနိုင်ရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စံချိန်တင် လေလံငွေ ကျပ်သိန်းပေါင်း ၃၄၃၆ ဖြင့် လုပ်ငန်းအမျိုးအစားသုံးမျိုး အတွက် လုပ်ငန်းရှင်သုံးဦးကို လုပ်ပိုင်ခွင့်ချထားပေးခြင်းဖြစ်ကာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပွဲတော် ကျင်းပနိုင်ရန်အတွက် ပွဲဘဏ္ဍာရေးကော်မတီ နယ်နိမိတ်အတွင်း လုပ်ပိုင်ခွင့်ချထားပေးခြင်းဖြစ်ကာ (က) ယာဉ်ရပ်နားခကောက်ခံခြင်းလုပ်ငန်းအတွက်၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း (၁) ကို ကျပ် ၁၀၅ သိန်း၊ လုပ်ငန်း(၂) ကို ကျပ် ၁၀၇ သိန်း၊ လုပ်ငန်း (၃) ကို ကျပ် ၁၀၃ သိန်းတို့ဖြင့် ယာဉ်ရပ်နားစခန်းလုပ်ငန်း သုံးနေရာအတွက် ဦးဆန်းမောင်က ကျပ် ၃၁၅ သိန်းဖြင့် အမြင့်ဆုံးစျေးပေးကာ ရရှိခဲ့ခြင်းဖြစ်ပြီး (ခ) ပျံကျစျေးကောက်လုပ်ငန်းအတွက် ဒေါ်အိဖြိုးဦးမှ ကျပ် ၂၅၀ ဒသမ ၃ သိန်းဖြင့်လည်းကောင်း၊ (ဂ) စျေးဆိုင်ခန်း၊ အရောင်းပြခန်း၊ ချားရဟတ်နှင့် ကလေး ကစားကွင်းလုပ်ငန်းများအတွက် ဒေါ်စန်းစန်းမြင့်မှ ကျပ် ၂၈၇၁ သိန်းဖြင့်လည်းကောင်း အမြင့်ဆုံးစျေးပေးကာ လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကာ အဆိုပါ လုပ်ငန်းသုံးမျိုးအတွက် လုပ်ငန်းရှင် သုံးဦးတို့ကို စုစုပေါင်း ကျပ် ၃၄၃၆ သိန်းဖြင့် လုပ်ပိုင်ခွင့်များ အသီးသီး ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးထံမှ သိရသည်။
ယခင်နှစ်က ယာဉ်ရပ်နားခများ အဆမတန် စျေးနှုန်းမြင့်တက်ခဲ့သဖြင့် ယခုနှစ်တွင် စည်းကမ်းချက်များ အသစ်ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး ယာဉ်ရပ်နားခလုပ်ငန်းတွင် ဆိုင်ကယ်တစ်စီးလျှင်ကျပ် ၁၀၀၀၊ မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၃၀၀၀ သာ ကောက်ခံရန်သတ်မှတ်ထားပြီး တင်ဒါကိုလက်လွှဲ ရောင်းချခြင်းမပြုရန်၊ ယာဉ်နှင့်ဆိုင်ကယ်များ ပျက်စီးပျောက်ဆုံးမှုမရှိအောင် တာဝန်ခံကြီးကြပ်ပေးရမည်ဖြစ်ကာ အကယ်၍ ပျောက်ဆုံးခဲ့ပါက ကာလတန်ဖိုးနှင့်အညီ ပေးလျော်ရမည်ဖြစ်ကြောင်း အိတ်ပိတ်စျေး ပြိုင်တင်ဒါ စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး အကယ်၍ စည်းကမ်းချက်ချိုးဖောက်ခဲ့ပါက လုပ်ပိုင်ခွင့်ရုပ်သိမ်းခြင်း၊ ကုမ္ပဏီကိုလည်း Black list သွင်းခြင်းများ ပြုလုပ်မည့်အပြင် သတ်မှတ်ထားသောဥပဒေဖြင့်အရေး ယူခံရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက အတိအလင်း ထည့်သွင်းပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
