မန္တလေးမြို့ VEC ကိုယ်ပိုင်အထက်ကျောင်းတွင် ပညာသင်ကြားနေသော ကိုးတန်းကျောင်းသူတစ်ဦးသည် စာကျက်နေစဉ် လဲကျသေဆုံးမှု နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ VEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကိုးတန်းကျောင်းသူ မဆုရတီထွန်း (၁၄) နှစ်သည် ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ သရဖီလမ်းနှင့် ငုရွှေဝါလမ်းကြား၊ ရတနာပုံလမ်းရှိ VEC ကျောင်း၏ ဒေဝီစာသင်ဆောင်မြေညီထပ်ခန်း တောင်ဘက်ခြမ်းရှိ စာသင်ခုံပေါ်တွင် သူငယ်ချင်းဖြစ်သူ နန်းဟွမ်ငင်းနှင့် အတူ ည ၈ နာရီခွဲခန့်က စာကြည့်နေခဲ့ကြောင်း၊ ထိုသို့စာကြည့်နေရင်း မဆုရတီထွန်းသည် နန်းဟွမ်ငင်းပေါင်ပေါ်သို့ လဲကျသွားခဲ့ပြီး နှိုးမရတော့သဖြင့် မန္တလေးအထွေထွေဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ တာဝန်ကျ ဆရာများ၏ စစ်ဆေးချက်အရ သေဆုံးခဲ့ပြီဖြစ်သည်ဟု သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၁၁)ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “စာကြည့်နေရင်း လဲကျသွားလို့ဆေးရုံပို့စဉ်မှာပဲ သေဆုံးတယ်လို့ သိရပါတယ်။ဆရာဝန်တွေရဲ့ ရင်ခွဲက နဦးစစ်ဆေးချက်ကတော့ နှလုံးသွေးရပ်သေဆုံးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တရားဝင်တော့ ထွက်မလာသေးဘူးပေါ့။ လတ်တလော မေးမြန်းချက်အရ သိရတာလေးပါ။ ကျန်တာတွေကတော့ ကျောင်းနဲ့ မိဘတွေပဲသိမယ့်အရာတွေပေါ့” ဟု ပြောကြားသည်။
ထို့ကြောင့် မဆုရတီထွန်းသေဆုံးမှု ဖြစ်စဉ်ကို အမှတ် (၁၁) ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ကာ စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
