တရုတ်ဘက်က ဆန်သကြားပြောင်း ကောက်ပဲသီးနှံတချို့ကို ဝယ်ယူမှုမရှိသော်လည်း မြေပဲဆန်ကို မန္တလေးစျေးကွက်တွင် ဝယ်ယူနေမူအပြင် နယ်တောင်သူများထံ ဝယ်ယူမှုရှိနေသည်ဟု မန္တလေးပဲကုန်သည်များထံက သိရသည်။
ယခုလက်ရှိအချိန် မြေပဲသည် စိုက်ပျိုးချိန်နှင့်ထွက်ရှိချိန်ဖြစ်နေကြောင်း မိုးတွင်းစိုက်မြေပဲများ ထွက်ရှိချိန်ဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်းကျွန်းပေါ်တွေမှာက မျိုးမြေပဲများကို ဝယ်ယူ၍ စိုက်ပျိုးချိန်ဖြစ်နေကြောင်း၊ ၎င်းမျိုး မြေပဲများသည် မန္တလေးစျေးကွက်ထဲသို့ မကွေးကျောက်ပန်းတောင်း တောင်တွင်းကြီးမှ ဝင်ရောက်နေကြောင်း တရုတ်ဝယ်လက်များအနေဖြင့် မြေပဲဆန်များကို မန္တလေးစျေးကွက်ထဲတွင် ဝယ်ယူမှုအပြင် နယ်တောင်သူများထံ သွားရောက်ဝယ်ယူနေသည်ဟု စိုးဝင်းမြင့်ပွဲရုံမှ ဦးစိုးဝင်းမြင့်က ပြောကြားသည်။
“ဆန်၊ ပြောင်း၊ သကြား ကောက်ပဲသီးနှံ တချို့ကို မူဆယ်ဘက်မှာ အရောင်းအဝယ် မဖြစ်ဘဲ တရုတ်ဘက်ကို ရောင်းလို့မရဖြစ်နေတယ်။ မရောင်းဖြစ်နေတဲ့အချိန် လက်ရှိအနေအထားမှာ မြေပဲဆန်လုံးဆန်က အရောင်းအဝယ်ဖြစ်နေတယ်။ မန္တလေးစျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတာမဟုတ် မြေပဲထွက်တဲ့ မြောင်နယ်တွေဘက်မှာပါ တရုတ်ဝယ်လက်တွေက တိုက်ရိုက်တောင်သူတွေဆီကနေ ဝယ်ယူမှုတွေရှိနေတယ်။ မန္တလေးစျေးကွက်မှာ မြေပဲဆန်လုံးဆန်အနီက ကျပ် ၃၀၀၀ အဖြူဆန်က ကျပ် ၂၉၀၀ စျေးရှိတယ်။ ပြီးခဲ့နှစ် ဒီအချိန်မှာ အနီဆန်က ကျပ် ၂၅၀၀၊ အဖြူ ဆန်ကကျပ် ၂၄၀၀ စျေးရှိတယ်။ တခြားကုန်ပစ္စည်းတွေ တရုတ်ဘက် တင်ပို့လို့မရတဲ့အချိန် နိုဝင်ဘာလဆန်းလောက်ကတည်းက မြေပဲဆန်လုံးဆန်ကို တရုတ်ဘက်က ဝယ်ယူမူတွေ ရှိနေတယ်။ မန္တလေးစျေးကွက်တွင် မကဘူး နယ်တွေအထိ ဆင်းဝယ်နေတယ်။ မြေပဲအထွက်နှုန်းကလည်း ဒီနှစ်ကောင်းပါတယ်။ မန္တလေးစျေးကွက်ထဲ လက်ရှိအချိန်ဘယ် နယ်တွေကလာသလဲဆိုတော့ မြင်းမူ၊ ကျောက်ဆည်၊ မြောင်၊ မုံရွာနယ်တွေဘက်က လာနေတယ်။ တရုတ်ဝယ်လက်တွေ ပစ္စည်းကောင်း သန့်သန့်တွေဆို ရသလောက်ဝယ်ယူနေတယ်။ ဘယ်စျေးကစတက်လာသလဲဆို ကျပ် ၂၆၅၀ ကနေ စဝယ်လာတာပါ။ စျေးက ယခုအတိုင်း ဝယ်ယူနေပါက စျေးကျလာနိုင်စရာ မရှိဘူး။ စျေးတည်ငြိမ်တာနဲ့တက်ဖို့ပဲရှိတယ်။ စျေးကျစရာ မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိ နိုဝင်ဘာ ၁၉ ရက်တွင် မူဆယ်မြို့ကုန်စည်ဒိုင်တွင် သကြားဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲပုတ်စေ့၊ ပဲစင်းငုံ၊ ပဲနီကြား မတ်ပဲ၊ မြေပဲဆန်၊ မြေထောက်ပဲ၊ နှမ်းနက် (စမုံ)၊ နမ်းနက် နမ်းဖြူနှမ်း အခွံချွတ် စသည့် ကုန်စည်များမှာ အရောင်းအဝယ်အေးနေကြောင်း သိရသည်။
မူဆယ်မြို့နယ်စပ်ကုန်သွယ်ရေးတွင်သကြားမှာ သြဂုတ်လကုန်ခါနီးမှ စတင်ကာ တရုတ်နိုင်ငံမှ အဖမ်းအဆီးများ ပြုလုပ်ခဲ့၍ ဆန်နှင့်ပြောင်းမှာ အောက်တိုဘာလဆန်း မှစတင်၍ ယခုအချိန်ထိ တရုတ်နိုင်ငံမှအဖမ်း အဆီးပြုလုပ်နေသည့်အတွက် နယ်စပ်ကုန်သွယ်မှုမှာ ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
