ကျန်းမာရေးစနစ်ကို ကြည့်ပါက အမျိုးအစားနှစ်ခုရှိပြီး ယင်းအမျိုးအစားနှစ်ခုသည် ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေးကဏ္ဍတို့ဖြစ်ကြောင်း ပြည်သူများသည် ကျန်းမာရေး စာတတ်မြောက်မှု နည်းပါးနေခြင်းကြောင့် ရောဂါများဖြစ်ပွားရကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
နိုဝင်ဘာ ၂၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်၊ တိုက်နယ်ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရောဂါတွေ ဘာကြောင့်ဖြစ်လဲလို့ ကျွန်တော်ဆန်းစစ်သုတေသန လုပ်ကြည့်တဲ့အခါမှာ ပြည်သူတွေဟာ ကျန်းမာရေးစာ တတ်မြောက်မှုနည်းလို့ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ကျန်းမာရေးစာတတ်မြောက်မှု နည်းပါးနေတဲ့အတွက် ရောဂါတွေဖြစ်နေတာပါ။ အထူးသဖြင့် လေရှီးမြို့နယ်နဲ့ လဟယ်ဒေသတွေမှာ အခက်အခဲဖြစ်နေတာကတော့ ရုပ်မြင်သံကြား မရှိဘူး။ ရေဒီယို မရှိဘူး။ ရှိတာကတော့ ကျွန်တော်တို့ရဲ့ သားဖွား ဆရာမတွေရှိတယ်။ သားဖွားဆရာမတွေ တော်မယ်ဆိုရင် ကျန်းမာရေးစာတတ်မှုတွေ သိမယ်။ ရောဂါတွေရဲ့ ကြိုတင်လက္ခဏာတွေ သိမယ်။ ကျန်းမာသွားပြီးဆိုရင် တော်ရုံတန်ရုံရောဂါက မဖြစ်တော့ဘူး။ ရောဂါတွေမဖြစ်တော့ဘူးဆိုရင် ဆေးရုံဆေးခန်းတွေမှာ လူနာတွေလာတာ နည်းပါးသွားမယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆက်လက်ပြောကြားသည်။
ကျန်းမာရေးဝန်ထမ်းများသည် များပြားနေခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများ လိုက်ပေးနေပါက နောက်ထပ်နှစ်ပေါင်း ၅၀ ကြာမြင့်မည်ဖြစ်ပြီး နောက်ပိုင်းသင်တန်းများကို Mobile Tablet မှနေ သင်ကြားသွားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေးရှီး၊ လဟယ်မြို့နယ်များတွင် ကလေးငယ်များမှာလည်း သေဆုံးမှုများရှိခဲ့ပြီး နောက်ပိုင်းအခါမှ ၎င်းအနေဖြင့် သိရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်၊ တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ အလုံးရေ ၃၀၀၀ ကျော်အား ပေးအပ်ခဲ့ပြီးအဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအပါအဝင် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၊ တိုက်နယ်ဆရာဝန်အများအပြား တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
