ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာတွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၅ နာရီကျော်ခန့်က နောင်ပိန် ကျေးရွာဘက်မှ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ရှစ်စီးအား သတင်းအရစစ်ဆေးရာ ဆိုင်ကယ်ပေါ်တွင် တရားမဝင်တင် ဆောင်လာသော ကျွဲများအား စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မောင်းနှင်လာသော သုံးဘီးဆိုင်ကယ် ရှစ်စီးပေါ်တွင် တစ်စီးလျှင် ကျွဲနှစ်ကောင်နှုန်း တင်ဆောင်လာပြီး စုစုပေါင်း သုံးဘီးဆိုင်ကယ် ရှစ်စီးပေါ်မှ ကျွဲ ၁၆ ကောင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျွဲများအား ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ သယ်ဆောင်ခ ကျပ် ၇၀၀၀၀ ဖြင့် သီပေါမြို့နယ်အတွင်းရှိ ရွာတစ်ရွာသို့ မောင်းနှင်ပို့ဆောင်ပေးရမည်ဟုသိရပြီး သီပေါမရောက်မီ ကျောက်မဲမြို့နယ်အတွင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နောင်ပိန်နဲ့ ကျောက်မဲကြားမှာ ကျွဲ၊ နွား တင်ဆောင်တဲ့ယာဉ်တွေ မကြာခဏဆိုသလို လက်နက်ငယ်တွေနဲ့ အပစ်ခံရတာ တွေရှိတယ်။ ပစ်ခတ်ခံရလို့ သေဆုံးဒဏ်ရာ ရသူတွေ မနည်းတော့ဘူး။ ပစ်ခတ်ခံရတာက ကျောက်မဲနဲ့ နောင်ပိန်ကြားမှာ အများဆုံး ဖြစ်တယ်။ ဒါပေမဲ့ ကျွဲ၊ နွားတင်ပို့မှုက လျော့ကျမသွားဘူး။ တစ်ရက်တစ်ရက် ကျွဲ၊ နွားတွေတင်ဆောင်ပြီး တရုတ်ဘက်ကို ထွက်နေတဲ့ကားတွေ တွေ့နေရဆဲပဲ။ အခုနောက်ပိုင်း ကျွဲ၊ နွားတင်ဆောင်တဲ့ ကားတွေကိုပစ်တာ တွေများတော့ ကျွဲတွေကို သီပေါလောက်အထိ သုံးဘီးနဲ့တင်ဆောင်ပြီး ပို့လာတာတွေ ကြားနေရတယ်” ဟု ကျောက်မဲမြို့နေ ဒေသခံတစ်ဦးက ပြောကြားသည်။
ကျွဲများအား သုံးဘီးဆိုင်ကယ်များဖြင့် တရားမဝင်တင်ဆောင်လာသည့် ဖမ်းဆီးခံရသူများရှစ်ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် နောင်ပိန်ကျေးရွာအကြားတွင် ကျွဲ၊ နွားများတင်ဆောင်လာသည့်ယာဉ်များ မကြာခဏ ပစ်ခတ်ခံရမှုများဖြစ်ပွားလျက်ရှိပြီး နိုဝင်ဘာ ၄ ရက် ည ၉ နာရီ ၁၅ မိနစ်က လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ် ကျောက်မဲမြို့နယ်အနီး စခန်းသာ ကျေးရွာနှင့် နောင်ပိန်ကျေးရွာအကြား မိုင်တိုင်အမှတ် (၁၀၃ /၁) အနီးတွင် ကျွဲတင်ဆောင်လာသော သုံးဘီးယာဉ်တစ်စီး လက်နက်ငယ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
