မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးတွင် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၏ မြေထိန်းနံရံတစ်ခု အပါအဝင် စီမံကိန်းလုပ်ငန်းများ၏ ရာခိုင်နှုန်း ၄၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် လေယာဉ်များ စတင် ဆင်းသက် အသုံးပြုနိုင်ရန် တည်ဆောက်နေကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ အထက်၌ တည်ဆောက်နေသည့် ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသစ် စီမံကိန်း၏ မြေသားလုပ်ငန်းများ ဖြစ်သည့် မြေထိန်းနံရံတစ်ခု အပါအဝင် စီမံကိန်းလုပ်ငန်းများ၏ ရာခိုင်နှုန်း ၄၀ ပြီးစီးနေပြီး မြေထိန်းနံရံ စတင် တည်ဆောက်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
“ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ကို လေယာဉ်ပြေးလမ်း အလျား ပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀ ရှိတဲ့ ကတ္တရာခင်း ပြေးလမ်း တည်ဆောက်သွားမှာဖြစ်ပြီး တောင်ဖက်ထိပ်မှာ Safety Area ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြေထိန်းနံရံတစ်ခု တည်ဆောက် ပြီးစီးသွားပါပြီ။ စီမံကိန်းလုပ်ငန်း တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၄၀ နီးပါး ပြီးစီးနေပါပြီ။ ခုဆက်ပြီး ကျန်ရှိနေတဲ့ မြေထိန်းနံရံ တစ်ဘက်ကို စတင် တည်ဆောက်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ လေယာဉ်များ စတင်ဆင်းသက် အသုံးပြုနိုင်ဖို့ တည်ဆောက်နေပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားခဲ့သည်။
ကုန်းလမ်းပို့ဆောင်ရေး တစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် အလယ်ပိုင်းတွင် တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပိတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန် ရိဒ်ရေကန် စသည့် ချင်းပြည်နယ်ရှိ မြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့်ပြည်နယ် လေဆိပ်များသို့ လွယ်ကူစွာ သွားလာနိုင်ရန် လေယာဉ်ကွင်း မရှိသည့် ချင်းပြည်နယ်တွင် ယခု တည်ဆောက်နေသည့် ဆူရ်ဘုန်(ဖလမ်း) လေဆိပ်သစ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ချင်းပြည်နယ်သို့ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ်မှ စီမံကိန်းချမှတ်ကာ ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းစတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကုန်းလမ်းပို့ဆောင်ရေး လမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရပြီး၊ မိုးရာသီကာလတွင် အချို့လမ်းပိုင်း နေရာများ၌ မြေပြိုမှုများကြောင့် ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ချိန်တွင် လွယ်ကူစွာ သွားလာနိုင်ရန် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ အဆိုပြုတင်ပြမှုနှင့် ချင်းပြည်နယ်မှ ပြည်သူလူထု၏ တောင်းဆိုမှုများကြောင့် ဖလမ်းမြို့တွင် လေယာဉ်ကွင်းသစ်တစ်ခု တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ်၊ ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြော၊ ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင် တည်ရှိပြီး၊ လေယာဉ်ပြေးလမ်း အလျား ၆၀၀၀ ပေ၊ အကျယ် ၁၀၀ ပေ၊ Flexible Pavement ပြေးလမ်းအမျိုးအစား ဖြစ်ပြီး၊ ပြေးလမ်း အရှိန်သတ်စွန်း Over Run အလျား ၂၀၀ ပေ၊ အကျယ် ၁၀၀ ပေ၊ လေယာဉ်ရပ်နားရာနေရာမှာ အလျား ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေရှိပြီး ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀၀၀၀ ရှိကာ ATR 72 (MTOW-49604) ပေါင် ဆင်းသက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
