မလေးရှားတွင် တရားမဝင် လုပ်ကိုင်သော မြန်မာနိုင်ငံသား ၁၀၀ ကျော်အား အမြင့်ဆုံးပြစ်ဒဏ် ထောင်သုံးလ ကျခံရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထိန်းသိမ်းရေးစခန်းရှိ မြန်မာများအား ကူညီပေးနေသည့် ကိုသီဟမောင်မောင်က ပြောကြားသည်။
နိုဝင်ဘာ ၃ ရက်က မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၅၆ ဦး ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအဖမ်းခံရသည့် သူများထဲမှ ၁၄၀ အား ရှေ့နေ မငှားနိုင်သောကြောင့် မလေးရှားတရားသူကြီးက အမြင့်ဆုံးပြစ်ဒဏ် ထောင်သုံးလ ချမှတ်လိုက်ပြီး ကျန်သူများထဲမှ UN ကတ် ကိုင်ဆောင်ထားသူများအား ရုံးချိန်း ပြန်လည် ချိန်းဆိုထားပြီး ရှေ့နေငှားသည့် လူအနည်းစုအား ထောင်ဒဏ်နှစ်လစီ ချမှတ်လိုက်ကြောင်း သိရသည်။
“အထောက်အထား မရှိတဲ့သူတွေ၊ အထောက်အထားမဲ့တဲ့ သူတွေအတွက်ကတော့ ရုံးချိန်းပြီးသွားပါပြီ။ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ အမိန့်ချလိုက်ပါတယ်။ ၁၅ ရက်မှာတော့ လူပိုများတာပေါ့။ ၁၆ ရက်မှာတော့ အမျိုးသမီး ငါးဦးလောက်ပဲ ရှိတယ်။ အမြင့်ဆုံး ပြစ်ဒဏ်ကတော့ ထောင် သုံးလ။ အဲဒီသုံးလက တရားရုံးမှာ ရှေ့နေ မငှားနိုင်တဲ့သူတွေ ကျသွားတာပေါ့နော်။ ရှေ့နေ ငှားနိုင်တဲ့သူက လူနည်းစုပါ။ အဲဒီမှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီး ပါသွားလို့ဆိုပြီး ဒဏ်ကြေး ဆောင်သွားတယ်။ သူတစ်ဦးထဲ ဆောင်တာပါ။ ကျန်တဲ့သူတွေကတော့ ငါးယောက် ခြောက်ယောက်လောက်ကတော့ ရှေ့နေငှားနိုင်တော့ ထောင်နှစ်လပဲ ကျခံရတာပေါ့။ နိုဝင်ဘာ ၁၆ ရက်ကတော့ အမျိုးသမီးနှစ်ဦးက ရှေ့နေငှားနိုင်တော့ တရားသူကြီးက လျှော့ပေါ့ပြီး ထောင်တစ်လပဲ ကျခံစေတယ်”ဟု မလေးရှားနိုင်ငံ မြန်မာသံရုံး ထိန်းသိမ်းရေးစခန်းရှိ မြန်မာများအား ကူညီပေးနေသည့် ကိုသီဟမောင်မောင်က ပြောကြားသည်။
ရှေ့နေ ငှားရမ်းခသည် မလေးရှားရင်းဂစ် ၁၀၀၀ မှ ၁၅၀၀ ကြား ပေးဆောင်ရကြောင်း ၎င်းက ပြောကြားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အထောက်အထားမဲ့နှင့် တရားမဝင် နေထိုင်မှု မလေးရှား ဥပဒေပုဒ်မ Section 6 (1) C နှင့် Section 5 (1) C အရ အဖမ်းခံကြောင်း ကိုသီဟမောင်မောင် ကပြောကြားသည်။
ထိုသို့ ဖမ်းဆီး ထောင်ကျခံရသူများသည် ပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်လာပါက ထိန်းသိမ်းရေးစခန်းတွင် နေထိုင်ရမည်ဖြစ်ကာ မြန်မာသံရုံးမှ ၎င်းတို့အား စိစစ်မှုများ ပြုလုပ်ပြီး မြန်မာနိုုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရမည် ဖြစ်ကြောင်း သိရသည်။
“ပုံမှန်ဆိုရင် တရားရုံးက အမိန့်ချမှတ်လိုက်ပြီးရင် ဒဏ်ကြေးဆောင်တဲ့သူက ထောင်ကို မသွားရတော့ဘူး။ ဒဏ်ကြေး မဆောင်နိုင်တဲ့ သူတွေကို ထောင်ကိုပို့တယ်။ ထောင်ကနေ တစ်ဆင့် သူတို့ ပြစ်ဒဏ်ပြီးပြီးဆိုရင် ထိန်းသိမ်းရေးစခန်းကို ပို့တယ်။ ထိန်းသိမ်းရေးစခန်းကို ရောက်ပြီဆိုရင် မြန်မာသံရုံးနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးပါတယ်။ စိစစ်ပြီးသွားရင် ကာယကံရှင်တွေဘက်က လေယာဉ်လက်မှတ် ကျခံပြီး မြန်မာနိုင်ငံ ပြန်ရမှာ”ဟု ကိုသီဟမောင်မောင် က ပြောကြားသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးမှုအား တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိပြီး နေ့စဉ်နှင့်အမျှ ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။ ဖမ်းဆီးခံသူများတွင် မြန်မာအလုပ်သမားများသာမက နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံသားများလည်း အဖမ်းခံရကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် တရားဝင် လုပ်ကိုင်နေသာ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ရှိနေပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
