သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ် အတည်းကြောင့် ဆန္ဒပြမှုများ လနှင့်ချီဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် မော်လ်ဒိုက်ကျွန်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ထောင်နှင့်ချီသည့် လူများက ဝန်ကြီးချုပ်ရုံးတွင် ဆူပူသောင်းကျန်းနေသဖြင့် ဇူလိုင် ၁၃ ရက်တွင် အရေး ပေါ်အခြေအနေ ကြေညာခဲ့သည်။
ကိုလံဘိုမြို့တော်ရှိ သမ္မတအိမ်တော်ကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းခဲ့ချိန်တွင် အိမ်တော်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ရာ ဂျာပက်ဆာက သူသည် ဇူလိုင် ၁၃ ရက်တွင် ရာထူးမှနုတ်ထွက်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းရေးအတွက် နည်းလမ်းတစ်ခုဖော် ဆောင်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ် ကုန်က ကတိပြုခဲ့သည်။
သမ္မတတစ်ဦးအနေဖြင့် ရာဂျာပက်ဆာ သည် ဖမ်းဆီးခံရမှုမှ ကင်းလွတ်ခွင့်ရရှိထားပြီး သူသည် ရာထူးမှမနုတ်ထွက်မီ ဖမ်းဆီးခံရနိုင်ခြေရှိမှုကို ရှောင်လွှဲရန် ပြည်ပသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆခံခဲ့ရသည်။
သီရိလင်္ကာ၏ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခဲ့သည့် Antonov-32 စစ်ဘက်သုံးလေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည်လေးဦးမှာ ရာဂျာပက်ဆာ၊ သူ့ဇနီးသည်နှင့် သက်တော်စောင့်နှစ်ဦးတို့ဖြစ်သည်ဟု လူဝင်မှုဆိုင်ရာ သတင်းအရင်းအမြစ်များက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ထို့နောက် နာရီအနည်းငယ်အကြာတွင် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း တရားဝင် ကြေညာချက်ထွက်မလာခဲ့ဘဲ ထောင်နှင့်ချီ သည့် ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ရုံးတွင် ဆူပူသောင်းကျန်းခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ရုံး စီးနင်းခံရမှု မှ နောက်ဆုတ်စေရန် ဆန္ဒပြသူများကို မျက် ရည်ယိုဓာတ်ငွေ့များဖြင့် ပစ်ခတ်ခဲ့ပြီး နိုင်ငံ၏ အခြေအနေကို ဖြေရှင်းရန် နိုင်ငံတစ်ဝန်း အ ရေးပေါ်အခြေအနေကြေညာခဲ့သည်ဟု ဝန် ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒိုင်နွတ် ကို လွမ်ဘာဂီက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် အခြေအနေကို ထိန်း သိမ်းရန် ကိုလံဘိုမြို့တော်အပါအဝင် သီရိ လင်္ကာ၏ အနောက်ပိုင်းပြည်နယ်အနှံ့တွင် ကာဖျူးမိန့် ထုတ်ပြန်ခဲ့သည်ဟု ထိပ်သီးရဲအ ရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုအချိန်အတောအတွင်း ရာဂျာပက် ဆာသည် ပြည်ပသို့ရောက်ရှိနေသဖြင့် ဝန် ကြီးချုပ် ရာနေး ဝစ်ကရီဆင်းဟီကို ယာယီ သမ္မတအဖြစ် ခန့်အပ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာခဲ့သည်။
“သူဟာ နိုင်ငံထဲမှာ မရှိတာကြောင့် ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့အညီ ဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် ခန့်အပ်ဖို့ သမ္မတရာဂျာ ပက်ဆာက ကျွန်တော့်ကို ပြောခဲ့ပါတယ်” ဟု လွှတ်တော်ဥက္ကဌ မာဟင်ဒါ ယာပါ အဘီဝါ ဒါနာက ရုပ်သံမှတစ်ဆင့် အစီရင်ခံ ပြောကြား ခဲ့သည်။
တောင်အာရှ နိုင်ငံတစ်ခုဖြစ်သည့် သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင် နေရကာ နိုင်ငံခြားငွေကြေး ပြတ်လပ်နေသည့် အတွက် ယမန်နှစ်နှောင်းပိုင်းမှစ၍ စားသောက်ကုန်၊ လောင်စာဆီနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ် လိုအပ်သော သွင်းကုန်များကို တင် သွင်းနိုင်ခြင်း မရှိတော့သဖြင့် ပြည်သူ ၂၂ သန်းသည် နေ့စဉ်နှင့်အမျှ ကြီးမားသောအ ခက်အခဲများကို ရင်ဆိုင်နေကြရသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
