အိန္ဒိယတွင် မျောက်ကျောက်ရောဂါကူးစက်ခံထားရသည့် ပထမဆုံး အတည်ပြုလူနာတစ်ဦးကို တွေ့ရှိကြောင်း ကြေညာခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ယင်းအမျိုးသားသည် အရှေ့အလယ်ပိုင်းသို့ ခရီးသွားရာဇဝင်ရှိခဲ့ပြီး မျောက်ကျောက်ရောဂါလက္ခဏာများတွေ့ရှိခဲ့သည်ဟု အရာရှိများက ပြောကြားခဲ့သည်။
ဗဟိုအစိုးရက ယင်းမျောက်ကျောက်ရောဂါ အတည်ပြုလူနာတွေ့ရှိခဲ့သည့် နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်သို့ ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့ကို အလျင်အမြန်စေလွှတ်ခဲ့သည်ဟု အရာရှိများက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ယင်းအမျိုးသားသည် ဇူလိုင် ၁၂ ရက်က ယူအေအီးနိုင်ငံမှ ကီရာလာပြည်နယ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဆေးရုံတွင် သီးခြားခွဲပြီး ကုသမှုခံယူနေကာ အခြေအနေမှာ တည်ငြိမ်နေသည်ဟု ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီနာ ဂျော့ချ်က ဇူလိုင် ၁၄ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“သူ့ကျန်းမာရေးအခြေအနေက တည် တည်ငြိမ်ငြိမ်ပါပဲ။ ရောဂါလက္ခဏာပြသမှုဟာလည်း ပုံမှှန်ပါပဲ။ ရောဂါနဲ့ပတ်သက်ပြီး ခရိုင်အားလုံးကို သတိရှိကြဖို့ နိိှုးဆော်ထားပါတယ်”ဟု ဗီနာက ပြောကြားခဲ့သည်။
ယင်းလူနာနှင့် အဓိက ထိတွေ့မိခဲ့သူများကိုလည်း သီးခြားစီခွဲကာ စောင့်ကြည့်နေ ပြီး ယင်းလူနာနှင့် လေယာဉ်တစ်စီးတည်း စီးနင်းခဲ့သည့် ခရီးသည်များကိုလည်း ရောဂါလက္ခဏာများနှင့်ပတ်သက်ပြီး မိမိတို့အခြေအနေကို မိမိတို့ကိုယ်တိုင်စောင့်ကြည်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။
မျောက်ကျောက်ရောဂါသည် ရောဂါကူးစက်ခံခဲ့ရသည့် တိရစ္ဆာန်များမှ လူသားများထံသို့ ကူးစက်သည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ လူတစ်ဦးမှ အခြားသူတစ်ဦးထံ ကူးစက်မှုမှာ ဖြစ်နိုင်သော်လည်း ရှားပါးကြောင်း ယူဆရသည်။
မေလအစောပိုင်းကစပြီး မျောက်ကျောက်ရောဂါကူးစက်မှုများ ကာလကြာရှည်ဖြစ်ပွားခဲ့သည့် အနောက်အာဖရိကနနှင့် ဗဟိုအာဖရိကနိုင်ငံများပြင်ပတွင် မျောက်ကျောက်ရောဂါကူးစက်မှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ လူအစုလိုက်ကူးစက်ခံရခြင်းမရှိသည့် နေရာများတွင် ကူးစက်ခံရသူအများစုမှာ ရောဂါပြင်းထန်မှုမရှိဘဲ သေဆုံးသူလည်းမရှိသေးပေ။
မျောက်ကျောက်ရောဂါသည် ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က အမြစ်ပြတ်သွားခဲ့သည့် ရေကျောက်ရောဂါလောက် အန္တရာယ်မများဘဲ ပိုမိုကူးစက်မြန်ကြောင်း ယူဆခံထားရသည်။
မျောက်ကျောက်ရောဂါကူးစက်ခံရသည့်ပထမဆုံး ရောဂါလက္ခဏာများတွင် ၃၈.၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထက်ရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် နောက်ကျောနာကျင်ခြင်း အစရှိသည့် ဝေဒနာများကို ငါးရက်ကြာခံစားရလေ့ရှိသည်။ ထို့ပြင် မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါး တို့တွင် အဖုအပိမ့်များထခြင်းတို့ ဖြစ်ပွားလေ့ရှိသည်။ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ကြာရှည်ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပြီး အထူးသဖြင့် တံတွေး သို့မဟုတ် ရောဂါကူးစက်ခံရသူ၏ အရေးပြားပေါ်ရှိ အဖုအပိမ့်များမှ ထွက်သည့် ပြည်မှတစ်ဆင့် ကူးစက်နိုင်သည်။
ထို့ပြင် မျောက်ကျောက်ရောဂါကူးစက်မှုအများစုမှာ ငယ်ရွယ်ပြီး မြို့ပြဒေသများတွင် နေထိုင်သည့် အမျိုးသားချင်း လိင်တူဆက်ဆံသူများဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
