ဇူလိုင် ၁၄ ရက်က ယူကရိန်းအလယ်ပိုင်း ဗင်ညက်ရှားကို ရုရှားဒုံးကျည်များ ထိမှန်ခဲ့ရာမှ တစ်ဆင့် ကလေးသုံးဦးအပါအဝင် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ရာ ထိုဖြစ်ရပ်မှာ ဗြောင်ကျကျ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးက ပြောကြားခဲ့သည်။
ရှေ့တန်းစစ်မျက်နှာများနှင့် ကီလိုမီတာ ရာချီဝေးသည့် ဗင်ညက်ရှားမြို့ကြီးကို နေ့ခင်း ကြောင်တောင်တိုက်ခိုက်မှုသည် ဥရောပသမဂ္ဂတာဝန်ရှိသူများက သည်ဟိဂ်မြို့၌ ယူကရိန်းရှိ စစ်ရာဇဝတ်မှုကိစ္စကို ဆွေးနွေးနေစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တာဝန်ရှိသူများကထုတ်ပြန်ပေးသောပုံများ၌ ပြောင်းပြန်လန်နေသောကားများ မီးလောင်ပျက်စီးနေပုံကို အပျက်အစီးများကြားတွင်တွေ့ရသည်။
ဇူလိုင် ၁၄ ရက်နှောင်းပိုင်းက နိုင်ငံကို ပြောကြားသော မိန့်ခွန်းတွင် သမ္မတဇယ်လန်စကီးက သေဆုံးသူစုစုပေါင်းကို အတည်ပြုပြောကြားခဲ့သည်။ လူအများအပြား ပျောက်နေပြီး အရေးပေါ်အခြေအနေဖြင့် လူအများအပြားကို ဆေးရုံတင်ထားရသောကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်သည်ဟု သမ္မတက ပြောကြားခဲ့သည်။
“ရုရှားလိုမျိုး အကြမ်းဖက်ခြိမ်းခြောက်မှုလုပ်တဲ့ နိုင်ငံမျိုး ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိပါဘူး။ ငြိမ်းချမ်းတဲ့ မြို့ကြီးတွေနဲ့ ပုံမှန် လူမှုဘဝကို ခရုစ်ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတာကို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ ခွင့်ပြုမှာမဟုတ်ပါဘူး”ဟု ဇယ်လန်းစကီးက ပြောကြားသည်။
တိုက်ခိုက်မှုက မိမိကို တုန်လှုပ်စေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂကလည်း ယခုတိုက်ခိုက်မှုကို ကြမ်းကြုတ် ရက်စက်မှုဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ တိုက်ခိုက်မှုအတွက် တာဝန်ခံရမည်ဟု ဂူတာရက်စ်နှင့် ဥရောပသမဂ္ဂတို့က တောင်းဆိုခဲ့သည်။
ရုရှားကျူးကျော်မှုနှင့် ပတ်သက်၍ အထူးခုံရုံးဖွင့်ရန် ဥရောပတာဝန်ရှိသူများနှင့် နိုင်ငံတကာရာဇဝတ်တရားရုံး တာဝန်ရှိသူများကို တိုက်တွန်းခြင်းမပြုမီ ဇယ်လန်စကီးက ခေတ္တငြိမ်သက်မှုကို ဦးဆောင်ခဲ့သည်။
“နိုင်ငံတကာရာဇဝတ်တရားရုံးအနေနဲ့ အဲ့ဒီစစ်ရာဝတ်မှုတွေကို သူ့ရဲ့တရားစီရင်ရေးအောက်ကို ရောက်ရှိစေဖို့ တာဝန်ခံမှုရှိရမယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များ၏ ကျူးကျော်မှု ဖြစ်လာခဲဲ့ပြီးနောက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သည် ယူကရိန်း၌ ဖြစ်နိုင်ဖွယ်ရာရှိသော စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခဲ့ပြီး အထောက်အထားများ စုဆောင်းရန် စုံစမ်းစစ်ဆေးသူ အများအပြားကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ရုရှားသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့သည်။ ထို့ကြောင့် လူထောင်ချီ သေဆုံးခဲ့ရပြီး မြို့ကြီး အများအပြား ပျက်စီးသွားခဲ့ကာ ယူကရိန်း ပြည်သူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ပြေးခဲ့ရသည်။
“နေ့တိုင်းပဲ ရုရှားက အရပ်သားတွေကို သတ်နေတယ်။ ယူကရိန်းကလေးတွေကို သတ်နေတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက် လူနေအဆောက်အအုံတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်နေပါတယ်။ ဒါဟာ ဘာသဘောလဲ။ ဗြောင်ကျကျ အကြမ်းဖက်မှုမဟုတ်ဘူးလား”ဟု ဗင်ညက်ရှားတိုက်ခိုက်ခံရပြီးနောက် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ပင်လယ်နက်ရှိ ရုရှားရေငုပ်သင်္ဘောမှ အတွဲလိုက်ပစ်လိုက်သော ဒုံးကျည်များထဲမှ နှစ်စင်းကို မိမိတို့တပ်ဖွဲ့များက ပစ်ချခဲ့သည်ဟု ယူကရိန်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
