အမေရိကန်လုပ် ပစ်မှတ်တိကျသည့် ရော့ကတ်များကို ဇွန်လတွင် ယူကရိန်းထံ ပေးပို့ခဲ့ပြီးကတည်းက ယင်းရော့ကတ်များက အရေးပါသော စစ်မြေပြင်တွင် ယူကရိန်းတပ်ဖွဲ့များကို စွမ်းရည်မြင့်တက်လာစေခဲ့ကာ ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲကို ဟန်ချက် ပြောင်းသွားစေခဲ့ပြီး ရုရှားတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ ထိုးစစ်များကို ရပ်ဆိုင်းရဖွယ်အ နေအထားကို ဖြစ်စေခဲ့သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောကြားခဲ့သည်။
ဇွန်လအလယ်မှ စတင်၍ ဟီမားစ်ဒုံး ကျည်စနစ်များ (Himars missiles systems) များကို အသုံးပြုကာ ယူကရိန်းသည် သမားရိုးကျလက်နက်ကြီးများ ရောက်ရှိရန် အလှမ်းဝေးလွန်းသော ရှေ့တန်းစစ်မျက်နှာများ၏ နောက်ကွယ်က အရေးပါသော ရုရှား လက်နက်သိုလှောင်ရုံနှင့် ကွပ်ကဲရေးစခန်း ၂၀ ကျော်ကို ဖျက်ဆီးခဲ့သည်။
လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုများ၌ ရုရှားထိန်းချုပ်ထားသော လူဟန်၊ နိုဗာခါကော့ဗ်ကာနှင့် အခြားနေရာတို့ရှိ လက်နက်တိုက်များ၌ အချိန်ကြာကြာ ပေါက်ကွဲမှုများ ဖြစ်နေသည်ကို မြင်ရခြင်းက အမေရိကန်ဒုံးကျည်များ၏ စွမ်းအားနှင့်တိကျမှုကို ခိုင်မာစေသည်ဟု ဆိုသည်။
“ခေတ်မီလက်နက်ဆိုဟာ ဘာဆိုတာကို ကျူးကျော်သူတွေ ကောင်းကောင်းသိသွားကြပါပြီ။ ကျွန်တော်တို့မြေပေါ်မှာ သူတို့ဟာ ဘယ်နေရာမှာမှ လုံခြုံတော့မှာ မဟုတ်ပါဘူး” ဟုယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။
သို့ရာတွင် လက်နက်သစ်များသည် ကုထုံးမဟုတ်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ကြပြီး ယူကရိန်းသည် ရုရှားများကို အနိုင်ယူရန် နောက်ထပ်လက်နက်များနှင့် ရေဒါစနစ်များကို တွဲဖက်အသုံးပြုရန် လိုအပ်နေသည်ဟု ပြောကြားခဲ့ကြသည်။
ဟီမားစ်ရော့ကတ်များ၏ အောင်မြင်မှုသည် မျှော်လင့်ထားသလို ကောင်းမွန်နေသည်ဟု ၀ါရှင်တန်ရှိ Center of New American Security ရှိ ကာကွယ်ရေး လေ့လာဆန်းစစ်သူ ခရစ္စတိုဖာဒိုဟာတီက ပြောကြားခဲ့သည်။
“ခုထိတော့ အဆင်ပြေနေပါတယ်။ ဒါဟာ ပွဲအဖြေပြောင်းပေးမယ့်ဟာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
ဒုံးပစ်လောင်ချာတစ်ခုသည် တစ်ကြိမ်လျှင် ဒုံးကျည်ခြောက်ခုကို တစ်ပြိုင်တည်းပစ်နိုင်သည်ဟု ဆိုသည်။ ဟီမားစ်ဒုံးကျည်သည် အနိမ့်မှသွားခြင်းဖြစ်ပြီး မြန်ဆန်သောကြောင့် ရုရှားလေကြောင်းကာကွယ်ရေးစနစ်များက လွယ်လွယ်ကူကူ ပစ်ချနိုင်ခြင်းမရှိပေ။ ထို့အပြင် ဒုံးပစ်လောင်ချာကို ကားပေါ်တွင် တင်ထားခြင်းဖြစ်ရာ လောင်ချာကို နေရာရွေ့နိုင်သဖြင့် ရုရှားတို့သည် ဟီမားစ်ရော့ကတ်ဒုံး များကို ရှာရန်ခက်ခဲသည်ဟု ဆိုသည်။
“ဟီမားစ်က ယူကရိန်းမှာ တိုက်ခိုက်တဲ့ပုံစံကို ပြောင်းလဲပေးနေပါတယ်။ ဟီမားစ်ကြောင့် ယူကရိန်းတွေအနေနဲ့ ပိုမိုဝေးတဲ့ နေရာက ရုရှားတွေကို ပစ်မှတ်ထားလာနိုင်တာ ဖြစ်ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ ရုရှားလေကြောင်းကာကွယ်ရေးစနစ်တွေကြောင့် အရင်က ရုရှားတပ်တွေကို ပစ်မှတ်ထားလို့ မရခဲ့ပါဘူး”ဟု အငြိမ်းစားသြစတြေး လျဗိုလ်ချုပ်လည်းဖြစ် စစ်ရေးလေ့လာဆန်းစစ်သူလည်းဖြစ်သော မစ်ရိုင်ယန်က ယခု သီတင်းပတ်အတွင်းတွင် Twitter ၌ ရေးသားခဲ့သည်။ ဟီမားစ်အပြင် ပြင်သစ်မှ ဟောင်းဝဇ္ဇာအမြောက်များကလည်း အသုံးဝင်သည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
