ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ရန်အတွက် စက်မှုထိပ်သီးနိုင်ငံ ၂၀ ( ဂျီ ၂၀) မှ ဘဏ္ဍာ ရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများသည် အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင် ၁၅ ရက်က တွေ့ဆုံခဲ့ကြပြီး အိမ်ရှင်ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကမူ စွမ်းအင်နှင့်စားနပ်ရိက္ခာ အကျပ်အတည်းများကို ဖြေရှင်းရန် ကျရှုံးမှုသည် ကပ်ဘေးတစ်ခုဖြစ်လာနိုင်သည်ဟု သတိပေးခဲ့သည်။
အင်ဒိုနီးရှား၏ အပန်းဖြေကျွန်းဖြစ်သည့် ဘာလီတွင်ပြုလုပ်သည့် နှစ်ရက်ကြာ အစည်းအဝေးသည် စျေးကွက်များမတည်ငြိမ်မှု၊ စားသောက်ကုန်စျေးနှုန်းများ မြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှုတို့ကို ပိုဆိုဆိုးရွားစေသည့် ယူကရိန်းစစ်ပွဲ၏ လောင်းရိပ်အောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်သည် ဆွေးနွေးမှုများမှ ဒေါသတကြီး ထွက်ခွာသွားခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ယခုအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာကြီးသည် အဖြေများကို ရှာဖွေနေသောကြောင့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်နှင့်အတူ အတူတကွ လုပ်ဆောင်ကြရန် အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး သီရိမူလ်ယာနီက အစည်းအဝေးဖွင့်ပွဲမှတ်ချက်အဖြစ် ပြောကြားခဲ့သည်။
“ကျွန်မတို့ မအောင်မြင်ဘူးဆိုရင် ထိခိုက်မှုဟာ ကျွန်မတို့ လုပ်ဆောင်နိုင်တာထက်ပိုပြီး များပြားနိုင်ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေဟာ ကမ္ဘာကြီးနဲ့ ဝင်ငွေနိမ့်တဲ့ နိုင်ငံ တွေအတွက် ကံဆိုးမိုးမှောင်ကျလာစေနိုင်ပါတယ်”ဟု သူက ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလန်အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး ဘဏ္ဍာရေးခေါင်းဆောင်များသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်မှုများကို ပြန်လည်နာလန်ထူရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲကြောင့် နဂိုကတည်းက ကျိုးပျက်လွယ်သည့် ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နာလန်ထူရေးအခြေအနေကို ထိခိုက်မှုများဆွေးနွေးခဲ့ကြသည်။
ကနေဒါ ဘဏ္ဍာရေးဝန်ကြီး ခရစ်တီယာ ဖရီးလန်းက ရုရှားကိုယ်စားလှယ်အဖွဲ့အား ယူကရိန်းတွင် စစ်ရာဇဝတ်မှုများအတွက် ၎င်းတို့တွင် တာဝန်ရှိသည်ဟု ပြောကြားခဲ့ကြောင်း ကနေဒါ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့ ဗိုလ်ချုပ်တွေသာ အပြစ်ရှိတာမဟုတ်ပါဘူး။ အဲဒီလိုဖြစ်ခွင့်ရအောင် ခွင့်ပြုပေးနေတဲ့ စီးပွားရေး တက္ကနိုကရက်တွေမှာလည်း အပြစ်ရှိပါတယ်”ဟု ဖရီးလန်းက အစည်းအဝေးအဖွင့်တွင် ပြောကြားခဲ့သည်။
ယင်းအစည်းအဝေးကို ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တွန် ဆူလူယာနော့ဗ် နှင့် ယူကရိန်း ဘဏ္ဍာရေးဝန်ကြီး ဆာဟီမာချန်ကိုတို့ က ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် တက်ရောက်ခဲ့သည်။
လူကိုယ်တိုင်တက်ရောက်သည့်အစည်းအဝေးအတွက် ရုရှားသည် လက်ထောက်ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်အရာရှိ အလီဇာဗက်တာ ဒန်နီလိုဗာတို့ကို စေလွှတ်ခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ယဲလန် ကမူ ယူကရိန်းတွင် ရုရှား၏စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ပြီး ပူတင်အစိုးရအဖွဲ့ဝင်များသည် ဆွေးနွေးပွဲတွင် နေရာမရှိကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
