နယူးဇီလန်အစိုးရသည် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှုကို ထိိန်းချုပ်ရန် ကြိုးစားသည့် အနေဖြင့် နှာခေါင်းစည်းများအခမဲ့ပေးခြင်းနှင့် အခမဲ့ဆေးစစ်ခြင်းတို့ကို လုပ်ဆောင်ပေးမည်ဟု ဇူလိုင် ၁၄ ရက်တွင် ကြေညာခဲ့သည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်လူနာများနှင့် တုပ်ကွေးလူနာများ စုပြုံကျလာခြင်းကို ကိုင်တွယ်ဖြေရှင်းနေရသည့် နယူးဇီလန်ကျန်းမာရေးစနစ်ကို ဖိအားလျော့စေမည်ဖြစ်သည်။
လွန်ခဲ့သော သီတင်းနှစ်ပတ်တွင် နယူးဇီလန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့သည်။ ယခု အိုမီခရွန်ကူးစက်မှုလှိုင်းသည် အိုမီခရွန် ပထမလှိုင်းထက် ပိုမို ဆိုးရွားနိုင်သည်ဟု အာဏာပိုင်များက ခန့်မှန်းလျက်ရှိသည်။
နယူးဇီလန်ကျန်းမာရေးစနစ်သည် စောင့်ဆိုင်းချိန်များ တိုးလာပြီး ခွဲစိပ်မှုများကို ပယ်ဖျက်ရမှုများလည်း မြင့်တက်လာသည်။
“မကြာသေခင်ကကိုဗစ်ဖြစ်တဲ့လူနဲ့ ဆေးရုံတက်ရသူတိုးလာတာရယ် အဆိုးဆုံး တုပ်ကွေးရာသီရယ် ပေါင်းစုံသွားတာကတော့ သံသယရှိစရာမလိုပါဘူး။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာဟာ ကျန်းမာရေးလုပ်သားတွေနဲ့ ကျန်းမာရေးစနစ် တစ်ခုလုံးကို အလွန်တရာ ဖိအားများစေပါတယ်”ဟု ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေးဆိုင်ရာဝန်ကြီး အေရှာဗာရယ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လူဦးရေ ၅.၁ သန်းရှိသော နယူးဇီလန်သည် ထပ်မံကူးစက်ခံရသူ ၁၁,၃၈၂ ဦးရှိ သည်ဟု ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၆၈,၇၃၇ ဦး ရှိလာသည်။ ထပ်မံကူးစက်ခံရသူများထဲက ၇၆၅ ဦးသည် ဆေးရုံတက်နေရသည်။
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အတုယူရသည့် နိုင်ငံဖြစ်ခဲ့သည့် နယူးဇီလန်သည် ကပ်ရောဂါတု့ံပြန်မှုကို လျင်လျင်မြန်မြန် ဆောင်ရွက်ခြင်း၊ နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သီးသန့်တည်ရှိနေခြင်းတို့ကြောင့် လွန်ခဲ့သောနှစ်၏ နှစ်ကုန်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် အဓိကကင်းစင်ခဲ့သော နိုင်ငံဖြစ်ခဲ့သည်။ ပြည်သူအများစု ကိုရိုနာဗိုင်း ရပ်စ်ကာကွယ်ဆေးထိုးနှံမှု ခံယူထားပြီး ဗိုင်းရပ်စ်ကို ပျံ့နှံ့ခွင့့့့်ပြုခဲ့ပြီးသည်နှင့် တစ်ပြိုင်တည်း နယူးဇီလန်အစိုးရသည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ကိုဗစ်ကင်းစင် မူဝါဒကို ရုပ်သိမ်းခဲ့သည်။
ပြည်သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် သော်လည်းကောင်း၊ ၎င်းတို့၏ အိမ်ရှိ လူတစ်ဦးဦး ဆေးစစ်ရာ၌ ကူးစက်ခံရကြောင်း ပေါ်ပေါက်ခဲ့လျှင်သော်လည်းကောင်း နှာခေါင်းစည်းတပ်ရန်နှင့် ဆေးစစ်မှုခံယူရန် လိုအပ်သောကြောင့် ကိုဗစ်ကင်းစင်ရေးသည် ဖြစ်နိုင်ခြေ မရှိတော့ဟု ဗာရယ်က ပြောကြားခဲ့သည်။
အစိုးရသည် နှာခေါင်းစည်း အခမဲ့ပေးခြင်း၊ အခမဲ့ဆေးစစ်ခြင်းတို့ ကျယ်ကျယ်ပြန့် ပြန့်ဖြစ်စေရန် လုပ်ဆောင်လျက်ရှိပြီး ဆေးဆိုင်များကိုလည်း ကိုဗစ်ဆေးများ ရောင်းချခွင့်ပြုခြင်းနှင့် ဗိုင်းရပ်စ်နှိမ်နင်းသော ဆေးအတွက် သင့်လျော်သူအတွက် သတ်မှတ်ချက် တိုးချဲ့ပေးခြင်းတို့ကို ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။
“အခုချိန်ဟာ နှာခေါင်းစည်းတပ်တာကို ရပ်ထားရမယ့် အချိန်မဟုတ်ပါဘူး။ နှာခေါင်းစည်းတပ်တာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် နိုင်ခြေတစ်ဝက်လျော့စေတာကို အထောက်အထားက ပြနေပါတယ်။ နှာခေါင်းစည်းဟာ တုပ်ကွေးကိုလည်း ကာကွယ်ပါတယ်”ဟု ၎င်းက ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
