ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းသစ်သည် တစ်နိုင်ငံလုံးသို့ လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့လာပုံရသည့်အတွက် မကြာမီရောက်ရှိတော့မည့် အားလပ်ရက်ရှည်နှင့် နွေရာသီကျောင်းပိတ်ရက် မတိုင်မီ သတိပြုနေထိုင်ကြရန် ဂျပန်အစိုးရက ပြည်သူများကို တိုက်တွန်း ပန်ကြားခဲ့သည်။
ဂျပန်တွင် လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများသည် ယခုနှစ် အစောပိုင်းကာလနောက်ပိုင်း မကြုံဖူးသေးသည့် ပမာဏသို့ သိသိသာသာ မြင့်တက်လာခဲ့ကာ ဇူလိုင် ၁၃ ရက်က တိုကျိုမြို့တွင် နေ့အလိုက် ကူးစက်သူ ၁၆,၈၇၈ ဦး ရှိခဲ့ပြီး ယင်းပမာဏသည် ဖေဖော်ဝါရီလနောက်ပိုင်း ကူးစက်သူအများ ဆုံးဖြစ်လာကာ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်လည်း ရောဂါကူးစက်သူ ကိုးသောင်းကျော်အထိ မြင့်တက်ခဲ့သည်။
“ဇူလိုင် ၁၃ ရက်နေ့က တစ်နိုင်ငံလုံးမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၉၄,၄၆၆ ဦး ရှိခဲ့ပြီး အတည်ပြုလူနာသစ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် နှစ်ဆကျော် မြင့်တက်လာပါတယ်။ ကူူးစက်နှုန်း လျင်လျင်မြန်မြန် တိုးလာတာကို တွေ့ရပါတယ်” ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟိရိုခါဇု မာဆုနိုက ဇူလိုင် ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့ရာတွင် ဆေးရုံခုတင် လိုအပ်ချက်နည်းပါးနေဆဲဖြစ်ကာ ရောဂါပြင်းထန်သူများ နှင့် သေဆုံးသူ ဦးရေမှာလည်း နည်းပါးနေဆဲ ဖြစ်သည်ဟု သူက ထပ်မံပြောကြားခဲ့သည်။သို့ရာတွင် တိုကျိုမြို့၌ COVID-19 ရောဂါသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့် ဖွယ်ရှိကြောင်း Fuji News Network သတင်းဌာနက ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ် ဖုမိအို ခိရှိဒသည်လည်း ဇူ လိုင် ၁၄ ရက် ဒေသစံတော်ချိန် ညနေ ခြောက်နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားသည်။ ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ယူကရိန်းစစ်ပွဲ ဂယက်ကြောင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်ကာ ယန်းငွေတန်ဖိုး အားပျော့လာခြင်းကြောင့် ကုန်စျေးနှုန်းမြင့်တက်လာသည့် အခြေအနေတို့ကို မည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်းသွားမည်ကို အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားဖွယ်ရှိသည်ဟု ကျိုဒိုသတင်းဌာနက ဆိုသည်။
“ဂျပန်နိုင်ငံရဲ့ စီရင်စုတိုင်းမှာ ရောဂါကူး စက်သူဦးရေ တိုးလာနေပြီး ကူးစက်နှုန်း မြန်ဆန်လာတဲ့ လက္ခဏာတွေ တွေ့နေရပါတယ်” ဟု ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာကော်မတီ အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီး ရှိဂဲယုခိ ဂိုတိုက ပြောကြားခဲ့သည်။ လာမည့် သုံးရက်တာ အားလပ်ရက်နှင့် နွေရာသီကျောင်းပိတ်ရက် ကာလမှလည်း အကျိုးသက်ရောက်မှုများ ထပ်မံရှိလာနိုင်သည်ဟု ၎င်းက ဆိုသည်။
ခရီးသွားလုပ်ငန်းကဏ္ဍကိုပါ တွဲဖက် တာဝန်ယူထားသူဖြစ်သည့် ကုန်းလမ်းပို့ ဆောင်ရေးဝန်ကြီး တဲဆုအို ဆိုင်တိုကမူ ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်အားပေးမည့်စနစ်ကို စတင်ရန် အချိန်မကျသေးဟု ဆိုသည်။လတ်တလောတွင် အစိုးရအနေဖြင့် အသွားအလာကန့်သတ်မှုများ ချမှတ်ရန် အစီအစဉ် မရှိသေးဟု စီးပွားရေးဝန်ကြီး ဒိုင်ရှိရို ယာမာဂိ၀ါက ဆိုသည်။ ဂျပန်အာဏာရ ပါတီမှ ပြန်ကြားရေးတာဝန်ခံ တာရိုကိုနိုနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးတို့လည်း ကိုဗစ် ကူးစက်ခံထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
