မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းအရှေ့ပိုင်းရှိ မိမိဘာသာ သမ္မတနိုင်ငံများအဖြစ် ကြေညာခဲ့သောရုရှားလိုလားသည့် သမ္မတ နိုင်ငံနှစ်နိုင်ငံကို တရားဝင်အသိအမှတ်ပြု လိုက်သောကြောင့် မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ်များ ဖြတ်တောက်လိုက်သည်ဟု ဇူလိုင် ၁၃ ရက်တွင် ယူကရိန်းက ထုတ်ပြန်ခဲ့သည်။
ရုရှား၏ အခြားမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သော ဆီးရီးယားက လွန်ခဲ့သောလတွင် အဆိုပါသမ္မတနိုင်ငံ နှစ်နိုင်ငံကို အသိအမှတ်ပြုခဲ့ပြီးနောက် ဒိုးနက်ပြည်သူ့သမ္မတနိုင်ငံနှင့် လူဟန်ပြည်သူ့သမ္မတနိုင်ငံတို့ကို မြောက်ကိုရီးယား၏ အသိအမှတ်ပြုမှုဖြစ် ပေါ်လာခြင်းဖြစ်သည်။
ရုရှား ယာယီသိမ်းပိုက်ထားသော နယ်မြေများအဖြစ် ယူကရိန်းကဖော်ပြထားသော နယ်မြေနှစ်ခုကို အသိအမှတ်ပြုရန် မြောက်ကိုရီးယား၏ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်တွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချခဲ့သည်။
“အဲဒီလို အသိအမှတ်ပြုတာကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းဟာ ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးတွေကို ဖြတ်တောက်လိုက်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဘဏ္ဍာရေးအရရော၊ နိုင်ငံရေးအရရော ရုရှားကိုမှီခိုနေတဲ့ နိုင်ငံတွေကလွဲပြီး ကမ္ဘာမှာ ရုရှားဟာ ဘယ်မဟာမိတ်မှ မရှိပါတော့ပါဘူး”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရိုကူလီဘာက ပြောကြားသည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။
မြောက်ကိုရီးယား၏ အဆိပ်အာနိသင်ထက် ရုရှား၏ အဆိပ်အာနိသင်အကြောင်းကို ပိုမိုပြောပြနေသော လုပ်ရပ်တစ်ခု၌ အဆိုပါ နယ်မြေနှစ်ခုကို အသိအမှတ်ပြုရန် ရုရှားက မြောက်ကိုရီးယားကို မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်ဟု ကူလီဘာက ပြောကြားခဲ့သည်။
ရုရှားသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် အနောက်လိုလားသော အိမ်နီးချင်း ယူကရိန်းကို မကျူးကျော်မီ မိမိဘာသာကြေညာခဲ့သော သမ္မတနိုင်ငံနှစ်ခုကို အသိအမှတ်ပြုခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ဒိုးနက်ပြည်သူ့သမ္မတနိုင်ငံနှင့် လူဟန်ပြည်သူ့သမ္မတနိုင်ငံတို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်ဟု ဇူလိုင် ၁၄ ရက် နံနက်တွင် မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA ကဖော်ပြခဲ့ပြီး လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုတို့၏ အတွေးအခေါ်အားဖြင့် အဆိုပါနိုင်ငံများနှင့် နိုင်ငံချင်းဆက်ဆံရေးများ ထူထောင်ရန်ဆန္ဒကိုလည်း မြောက်ကိုရီးယားက ဖော်ပြခဲ့သည်။
ဇူလိုင် ၁၃ ရက် အစောပိုင်းတွင် မော်စကိုရောက် ခွဲထွက်သူများ၏ ကိုယ်စားလှယ်အဖွဲ့က Telegram တွင် ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ပေးခဲ့သည်။ ယင်းကိုယ်စားလှယ်အဖွဲ့၏သံတမန် အိုလက်မာကီယီဗာက ဓာတ်ပုံတစ်ပုံကို ပြသနေပုံအား Telegram တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါဓာတ်ပုံမှာ မြောက်ကိုရီးယားသံအမတ် ဆင်ဟောင်ချိုလ်၏ အသိအမှတ်ပြုစာ၏ ပုံဖြစ်သည်ဟု ခွဲထွက်ရေးသမားများ၏ သံတမန်က ဖော်ပြခဲ့သည်။
ဒိုးနက်နှင့် အိမ်နီးချင်း လူဟန်တို့သည် ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်းဘက်စ် ကျောက်မီးသွေးဒေသတွင် တည်ရှိသည်။
ယခုအခါ အဆိုပါဒေသကို ၂၀၁၄ ခု နှစ်ကတည်းက ခွဲထွက်ရေးသမားများက ယာယီထိန်းချုပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
