အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ် ဒုတိယမြောက် နေ့ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် အီရန်အား နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ခြင်းမရှိအောင် တားဆီးမည့် ပူးတွဲသဘောတူညီချက် တစ်ရပ်ကို သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် ယာလာပစ်တို့က လက်မှတ်ရေးထိုးသွားမည်ဟု သိရသည်။
အဆိုပါ သဘောတူညီချက်တွင် အမေရိကန် ပြည်ထောင်စုနှင့် အစ္စရေး နိုင်ငံတို့အကြား ကာလကြာမြင့်စွာ တည်ရှိခဲ့သည့် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းလည်း အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “အဲဒီပူးတွဲ ကြေညာချက်ဟာ အလွန်အရေးပါလာမှာဖြစ်ပြီး အီရန်ကို ဘယ်တော့မှ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မပေးဖို့နဲ့ အထူးသဖြင့် အစ္စရေးအပေါ် ခြိမ်းခြောက်မှု အပါအဝင် တည်ငြိမ်မှုပျက်ပြားစေတဲ့ အီရန်ရဲ့ လုပ်ဆောင်ချက်တွေကို ကိုင်တွယ် ဖြေရှင်းသွားမယ့် ကတိကဝတ်လည်း ပါဝင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် အစောပိုင်းတွင် သမ္မတအဖြစ် စတင်တာဝန်ယူပြီး ကတည်းက ပထမဆုံး အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အဖြစ် သမ္မတဘိုင်ဒင်သည် ဇူလိုင် ၁၃ ရက်က အစ္စရေးနိုင်ငံ တဲအဗစ်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အစ္စရေးခေါင်းဆောင်များ နှင့် ဇူလိုင် ၁၄ ရက်တွင် ဂျေရုဆလင်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် လာပစ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
ထို့အပြင် သမ္မတဘိုင်ဒင်သည် ဇူလိုင် ၁၅ ရက်၌ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၌ ပါလက်စတိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်သကဲ့သို့ ဇူလိုင် ၁၆ ရက်တွင် ဆော်ဒီနိုင်ငံ ဂျက်ဒါမြို့၌ ဆော်ဒီအပါအဝင် အခြားပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဘိုင်ဒင်အနေဖြင့် ၂၀၁၈ ခုနှစ်က ယခင်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် နုတ်ထွက်ခဲ့သည့် အီရန်နျူကလီးယား သဘောတူညီချက်၌ ပြန်လည်ပါဝင်လာရေးအတွက် အီရန်ကို ဖျောင်းဖျရန် ကြိုးပမ်းမှုများသည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။
အီရန်နျူကလီးယား သဘောတူညီချက်ကို ပြန်အသက်သွင်းမည့် အစီအစဉ်နှင့် ဒေသတွင်း၌ အီရန်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် မည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်း သွားမည်ဆိုသည် နှင့်ပတ်သက်၍ အစ္စရေးနှင့် ဆော်ဒီ၊ ယူအေအီးကဲ့သို့ ပင်လယ်ကွေ့နိုင်ငံများ၏ မေးခွန်ထုတ်မှုကိုလည်း သမ္မတဘိုင်ဒင်အနေဖြင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
အထင်ကရ နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခြင်းသည် ကြီးစွာသော အမှားတစ်ခုပင်ဖြစ်ကြောင်း ဘိုင်ဒင်ကဆိုသည်။ လက်ရှိတွင် အီရန်သည် ယခင်ကထက် နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ဖို့ ပိုနီးစပ်လာ နေပြီဖြစ်ကြောင်း အစ္စရေးရုပ်သံဌာနတစ်ခု ဖြစ်သည့် Channel 12 နှင့် အင်တာဗျူးအစီအစဉ် တစ်ခုတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။
အီရန်ဘက်က နျူကလီးယားလက်နက်များ ပိုင်ဆိုင်နိုင်ရေးအတွက် ရှေ့တိုးလုပ်ဆောင်လာပါက အမေရိကန်အနေဖြင့် အဆိုပါလုပ်ရပ်ကို အင်အားသုံး၍ တားဆီးခြင်းပြု မပြု မေးမြန်းရာတွင် ယင်းသည် နောက်ဆုံးနည်းလမ်း ဖြစ်နေခဲ့ပါက ဖြစ်နိုင်ခြေရှိကြောင်း သမ္မတဘိုင်ဒင်က ဖြေကြားခဲ့သည်။ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်းကြောင့် လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်နှင့် အီရတ်ရှိ ၎င်းတို့ကျောထောက်နောက်ခံပြု လက်နက်ကိုင်များအား ငွေကြေးထောက်ပံ့နိုင်ရန် အီရန်ကို ပိုမိုလမ်းဖွင့်ပေးရာရောက်သွားနိုင်သည်ကို စိုးရိမ်မှုများရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
