သီရိလင်္ကာတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက အစိုးရအဆောက်အအုံများအား သိမ်းပိုက်ထားမှုကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
သို့ရာတွင် တိုင်းပြည်စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် သမ္မတနှင့် ဝန်ကြီးချုပ် နှစ်ဦးလုံး နုတ်ထွက်ပေးရန် ဆန္ဒပြသူများက အပြင်းအထန် တောင်းဆိုလျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ၎င်း၏အိမ်တော်သို့ ဆန္ဒပြသူများ စီးနင်းဝင်ရောက်ခဲ့ပြီးနောက်တွင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် ဇူလိုင် ၁၃ ရက်က မော်လ်ဒိုက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ အဆိုပါနေ့၌ပင် တက်ကြွလှုပ်ရှားသူများက ဝန်ကြီးချုပ် ဝစ်ကရီမီဆင်းဟီ၏ ရုံးကိုလည်း ဝင်ရောက်စီးနင်းကာ ဆူပူသောင်းကျန်းခဲ့သည်။
သမ္မတ ရာဂျာပက်ဆာ နိုင်ငံထဲတွင် မရှိသည့်အချိန်၌ ယာယီသမ္မတအဖြစ် တာဝန်ပေးခံထားရသည့် ဝန်ကြီးချုပ် ဝစ်ကရီမီဆင်းဟီကမူ အစိုးရ အဆောက်အအုံများမှ ထွက်ခွာကြရန် ဆန္ဒပြသူများကို တောင်းဆိုခဲ့ပြီး တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်သည့် အရာများကို လုပ်ဆောင်သွားရန်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များကိို ညွှန်ကြားထားသည်။
ဆန္ဒပြလှုပ်ရှားမှုကို ထောက်ခံအားပေးသည့် အထင်ကရ ဘုန်းတော်ကြီး တစ်ပါးကမူ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိ သမ္မတအိမ်တော်ကို အာဏာပိုင်များလက်သို့ ပြန်လည်အပ်နှံရန်နှင့် ၎င်းအိမ်တော်ရှိ အဖိုးတန် အနုလက်ရာများနှင့် ရှေးဟောင်းပစ္စည်းများ မပျောက်မပျက်ရှိစေရန် တိုက်တွန်းခဲ့သည်။
“အဲဒီအဆောက်အအုံက တိုင်းပြည်ရဲ့ ရတနာတစ်ပါးဖြစ်လို့ အဲဒါကို ထိန်းသိမ်းကာကွယ်ရပါမယ်။ သင့်တော်တဲ့ စာရင်းစစ်မှုတွေ လုပ်ဆောင်ပြီး အဲဒီအဆောက်အအုံကို အစိုးရထံ ပြန်အပ်နှံရမှာဖြစ်တယ်” ဟု ဘုန်းတော်ကြီး အိုမာပီ ဆိုဘီသာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုအဆောက်အအုံမှ သမ္မတ ရာဂျာပက်ဆာ ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးအစောင့်အကြပ်များ ရုပ်သိမ်းသွားပြီးနောက် ၎င်းအဆောက်အအုံဝင်းသို့ အများပြည်သူများ အတားအဆီးမရှိ ဝင်ထွက်သွားလာနိုင် ပြီးနောက်တွင် လူသိန်းနှင့်ချီ လာရောက်ခဲ့သည်ဟု သိရသည်။
ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် ဝစ်ကရီမီဆင်းဟီကမူ ဖက်ဆစ်ဝါဒီများ ဝန်ကြီးချုပ်ရုံး အဆောက်အအုံအား စီးနင်းထားသည်ကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ထို့အတွက်ကြောင့် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေနှင့် ကာဖျူးထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ကာဖျူးထုတ်ပြန်မှုကို ဇူလိုင် ၁၄ ရက် နံနက်အရုဏ်တက်ချိန်တွင် ရုပ်သိမ်းခဲ့သော်လည်း အမျိုးသားလွှတ်တော်အဆောက်အအုံ အပြင်ဘက်၌ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ ဝင်တစ်ဦး ဒဏ်ရာရခဲ့ပြီး လွှတ်တော်အဆောက်အအုံကို စီးနင်းဝင်ရောက်မည့် ဆန္ဒပြသူများ၏ အကြံအစည် မအောင်မြင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဝန်ကြီးချုပ်ရုံးတွင် ဖြစ်ပွားခဲ့သည့် မျက်ရည်ယို ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၈၅ ဦးကို ဆေးရုံတင်ထားရပြီး တစ်ဦးမှာ အသက်ရှူကျပ်ကာ သေလုမျောပါး ဖြစ်နေသည်ဟု ကိုလမ်ဘိုမြို့ရှိ အဓိက ဆေးရုံတစ်ရုံမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
