အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဟောင်း ဂျွန်ဘိုတန်က သူသည် ပြည်ပနိုင်ငံများတွင် အာဏာသိမ်းမှုများကို အစီအစဉ်ဖြင့် ကူညီပေးခဲ့သည်ဟု ဇူလိုင် ၁၂ ရက်က ရုပ်သံတွင် ဝန်ခံခဲ့ပြီး ၂၀၂၁ ခုနှစ်က ၀ါရှင်တန်တွင် လွှတ်တော်အစည်းအဝေးကျင်းပသည့် Capitol အဆောက်အဦးစီးနင်းမှုသည် ယင်းအားထုတ်ကြိုးပမ်းမှုများ၏ မအောင်မြင်မှုတစ်ခုဟု ပြောကြားခဲ့သည်။
Capitol အဆောက်အဦးစီးနင်းမှုသည် သမ္မတဟောင်းဒေါ်နယ်ထရန့်၏ အိုင်ဒီယာတစ်ခုမှ နောက်တစ်ခုသို့ အမှားမှားအယွင်းယွင်း လုပ်ဆောင်မှု၏ ရလဒ်ဖြစ်သည်ဟု ဘိုတန်က CNN သတင်းဌာနကို ပြောကြားခဲ့သည်။
“အာဏာသိမ်းမှုတွေမှာ အစီအစဉ်အရ ကူညီပေးခဲ့သူတစ်ဦးအနေနဲ့ ဒီမှာတော့မဟုတ်ဘဲ အခြားနေရာတွေမှာတော့ အရမ်းကို အလုပ်ဖြစ်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ၂၀၂၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဘိုတန်က သူသည် မည်သည့်နိုင်ငံများမှ အစိုးရများကို ကူညီပြီး ဖြုတ်ချပေးခဲ့သည်ဆိုခြင်းကို အသေးစိတ်မပြောခဲ့သော်လည်း ဗင်နီဇွဲလားတွင် အမေရိကန်၏စစ်ရေးအရ ကြားဝင်မှုကို ထောက်ခံခဲ့သည်ဟု ဆိုသည်။
ဇန်နဝါရီ ၆ ရက် Capitol စီးနင်းခံရမှုသည် မိမိတို့၏ဒီမိုကရေစီကို တိုက်ခိုက်မှုတစ်ခုမဟုတ်ဘဲ ဒေါ်နယ်ထရန့်သည် ၎င်းကိုယ်ကျိုးအတွက်သာ ကြည့်သည့်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ကာ တစ်သက်လျှင် တစ်ကြိမ်သာဖြစ်သည့် ဖြစ်စဉ်တစ်ခုဟု ဘိုတန်က ပြောကြားခဲ့သည်။
“သူဟာ Capitol ကို ဆူပူအုံကြွသူတွေ လွှတ်ပေးခဲ့ပါတယ်။ ဒါဟာသံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံကို ဖြုတ်ချဖို့မဟုတ်ဘဲ အချိန်ပိုရဖို့ ၊ အဲဒီကိစ္စကို ပြည်နယ်တွေဆီရောက်ရှိစေဖို့နဲ့ အခြေအနေကို ပြန်လည်ပြင်ဆင်ပြီး ကြိုးစားဖို့ဖြစ်ပါတယ်” ဟု ဘိုတန်က ပြောကြားခဲ့သည်။
ဘိုတန်သည် ၁၉၈၀ ပြည့်နှစ်က သမ္မတရော်နယ်ရေဂင်လက်ထက်မှစပြီး ရီပတ်ဘလစ်ကန် အစိုးရအဖွဲ့သုံးဖွဲ့အတွင်း တရားရေးဌာနနှင့် နိုင်ငံခြားရေးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သူသည် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်လက်ထက်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဘိုတန်သည် အီရတ်ကို အမေရိကန်ကျူးကျော်ဝင်ရောက်မှုအတွက် တွန်းအားပေးလုပ်ဆောင်ခဲ့ပြီး အီရန်နှင့် မြောက်ကိုရီးယားကို ဗုံကြဲရန် ထောက်ခံကြောင်းပြောကြားခဲ့ကာ နိုင်ငံခြားရေးမူဝါဒတွင် ကြားဝင်စွက်ဖက်ရေးဝါဒီအဖြစ် ချဉ်းကပ်ခဲ့သဖြင့် ၂၀၁၉ ခုနှစ်တွင် ၎င်းအား ရာထူးမှထုတ်ပယ်ခဲ့သည့် ထရန့်နှင့် ဆက်ဆံရေးကတောက်ကဆတ်ဖြစ်ခဲ့သည်။ ဇန်နဝါရီ ၆ ရက်စီးနင်းမှုသည် ထရန့် သို့မဟုတ် ၎င်း၏တွဲဖက်များသည် လူငါးဦးသေဆုံးခဲ့ပြီး ရဲအရာရှိ ၁၄၀ ခန့်ဒဏ်ရာရခဲ့သည့် ဆူပူအုံကြွမှုဖြစ်စဉ်တွင် ကြိုတင်ကြံစည်မှု သို့မဟုတ် အားပေးလှုံ့ဆော်မှု ရှိ၊မရှိ ဆုံးဖြတ်ရန် လွှတ်တော်ကော်မတီတစ်ခုက လုပ်ဆောင်နေချိန်တွင် ဘိုတန်၏မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကော်မတီတွင်ပါဝင်သည့် လွှတ်တော်အမတ်များကမူ ဇန်နဝါရီ ၆ ရက် စီးနင်းမှုသည် အာဏာကို ဆက်လက်ဖက်တွယ်သည့် နောက်ဆုံးကြိုးပမ်းချက်တစ်ခုအဖြစ် ထရန့်၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
