အီရန်ထံမှ ရာနှင့်ချီသည့် တိုက်ပွဲဝင်ဒရုန်းများကို ရယူလိုသည့် ရုရှား၏အစီအစဉ်သည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် လေးလကျော်အကြာတွင် ၎င်း၏ကြီးမားသည့် ဆုံးရှုံးမှုများကြောင့် ချက်ချင်းအင်အားဖြည့်ရန် လိုအပ်နေသည့်အခြေအနေကို ပြသရာရောက်သည်ဟု အမေရိကန်ထိပ်သီးအရာရှိတစ်ဦးက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဇူလိုင် ၁၁ ရက်တွင် အိမ်ဖြူတော်က ထုတ်ဖော်ပြောကြားခဲ့သည့် ယင်းသဘောတူညီချက်သည် ယူကရိန်းကို စစ်ပွဲဆင်နွှဲနေသည့်ရုရှားကို ထောက်ခံသည့် အီရန်၏သဘောဆန္ဒကိုလည်း ပြသရာရောက်သည်ဟု အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။
သို့သော်လည်း ယင်းဒရုန်းများ ထောက်ပံ့မှုသည် အီရန်နှင့် အင်အားကြီးနိုင်ငံများအကြား ၂၀၁၅ နျူကလီးယားသဘောတူညီမှုနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြန်လည်ပြုလုပ်ရန် အမေရိကန်၏ လုပ်ဆောင်ဆဲကြိုးပမ်းအားထုတ်မှုများအပေါ် အတိအကျသက်ရောက်မှုရှိမည်မဟုတ်ဟု ကာဘီက ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေ၊ အနည်းဆုံး အီရန်ရဲ့ နျူကလီးယားလက်နက်ရည်မှန်းချက်တွေကို ဖြေရှင်းမယ့် နျူကလီးယားသဘောတူညီမှုတစ်ခု ရရှိဖို့ ဆက်လက်လိုလားပါတယ်” ဟု ကာဘီက ပြောကြားခဲ့သည်။
ဇူလိုင် ၁၁ ရက်တွင် အိမ်ဖြူတော်က ထုတ်ဖော်ခဲ့သည့် ထောက်လှမ်းရေးသတင်းအရ ရုရှားသည် ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများကို ထိန်းချုပ်ပြီး တစ်စုတစ်စည်းတည်းဖြစ်စေရန် ကြိုးပမ်းအားထုတ်နေချိန်တွင် ယူကရိန်း၏ ပြင်းထန်သည့် ခုခံမှုများနှင့် ရင်ဆိုင်နေရချိန်တွင် အီရန်နှင့် ရုရှားအကြား ဒရုန်းထောက်ပံ့ရေး သဘောတူစာချုပ်ကို လျင်မြန်စွာချုပ်ဆိုနေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
“အီရန်အစိုးရဟာ မြန်မြန်ဆန်ဆန် လက်နက်တပ်ဆင်နိုင်စွမ်းရှိတဲ့ မောင်းသူမဲ့ လေယာဉ်တွေအပါအဝင် ရာနဲ့ချီတဲ့ မောင်းသူမဲ့လေယာဉ်တွေကို ရုရှားဆီထောက်ပံ့ပေးဖို့ ပြင်ဆင်နေပါတယ်” ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နောက်ထပ်ရရှိတဲ့ သတင်းတွေအရ အီရန်ဟာ အဲဒီမောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုပုံနဲ့ပတ်သက်ပြီး ရုရှားတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးဖို့ ပြင်ဆင်နေပါတယ်။ ကနဦး လေ့ကျင့်ရေးအစီအစဉ်တွေဟာ အစောဆုံးအနေနဲ့ ဇူလိုင်လထဲမှာဖြစ်နိုင်တယ်လို့ သတင်းရထားပါတယ်” ဟု ဆူလေဗန်က ပြောကြားခဲ့သည်။
ယင်းဒရုန်းများသည် ကင်းထောက်လှမ်းရေးနှင့် လက်နက်ခဲယမ်းများ ဖြန့်ချိရေးများအတွက် အသုံးပြုနိုင်ပြီး ယင်းသတင်းပေါက်ကြားခဲ့မှုနှင့်ပတ်သက်ပြီး ကာဘီက ရှင်းပြခဲ့သည်။
“ရုရှားဟာ သူတို့ရဲ့အရင်းအမြစ်တွေကို အလျင်မြန်ဆုံးနှုန်းထားနဲ့ မြှင့်တင်နေပါတယ်။ ရုရှားဟာ နောက်ထပ်စွမ်းဆောင်ရည်တွေအတွက် ဒရုန်းတွေကို လိုအပ်နေတယ်ဆိုတာ ကမ္ဘာကသိအောင်လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
