မကြာသေးမီက COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာမှုသည် ကပ်ရောဂါအားပြီးဆုံးရန် အလှမ်းကွာဝေးနေကြောင်း ပြသနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ဗိုင်းရပ်စ်သည် လွတ်လပ်စွာသွားလာနေသည်ဟု သတိပေးပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့်ဝန်ထမ်းများအပေါ် ဝန်ပိလာစေမည့်အပေါ်စိုးရိမ်ကြောင်း တက်ဒရိုက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်နှစ်ပတ်က COVID-19 ကူးစက်ခံရသူဦးရေသည် ၃၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်း WHO က ထုတ်ပြန်ခဲ့ပြီး ယင်းသည် အိုမီခရွန်မျိုးကွဲ၏ ထပ်ဆင့်မျိုးကွဲများနှင့် ကန့်သတ်ထိန်းချုပ်မှု စည်းမျဉ်းများဖြေလျှော့မှုများကြောင့်ဖြစ်သည်ဟု ဆိုသည်။
“ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းအသစ်တွေဟာ ကို မပြီးဆုံးသေးဘူးဆိုတာ ပြသနေတာပဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်က ကျွန်တော်တို့ကို ဖိလာတဲ့အချိန်မှာ ကျွန်တော်တို့က ပြန်လည်တွန်းထုတ်ရမှာဖြစ်ပါတယ်” ဟု တက်ဒရိုက အခိုင်အမာပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာချိန်၌ အစိုးရများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် အသက်ရှုကိရိယာများ တိုးမြှင့်ခြင်းကဲ့သို့ ယခင်အောင်မြင်ခဲ့သည့်နည်းလမ်းများဖြင့် ကျင့်သုံးလုပ်ဆောင်ရမည်ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
BA.4 နှင့် BA.5 ကဲ့သို့ အိုမီခရွန်ထပ်ဆင့်မျိုးကွဲများသည် ကမ္ဘာတစ်ဝန်း ကူးစက်မှုလှိုင်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူသူဦးရေနှင့် သေဆုံးသူဦးရေကို ဆက်လက်မြင့်တက်စေသည်ဟု တက်ဒရိုကပြောကြားခဲ့သည်။
စမ်းသပ်ခြင်းနှင့် စီစဉ်ခြင်းအပါအဝင် စောင့်ကြည့်မှုများ သိသိသာသာလျော့ကျသွားပြီး ယင်းသည် ကူးစက်ပျံ့နှံ့မှုအပေါ်မျိုးကွဲများ၏ အကျိုးသက်ရောက်မှု၊ရောဂါ၏ ၀ိသေသလက္ခဏာများနှင့် တန်ပြန်ဆောင်ရွက်ခြင်း၏ ထိရောက်မှုများကို သုံးသပ်မှုတွင်များစွာ ခက်ခဲစေသည်ဟု ဆိုသည်။
ထို့ပြင် စမ်းသပ်မှုများ၊ ကုသမှုများနှင့် ကာကွယ်ဆေးများကို ထိရောက်စွာ ဖြန့်ကြက်လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း တက်ဒရိုက ပြောကြားခဲ့သည်။
“ဗိုင်းရပ်စ်က လွတ်လပ်စွာသွားလာနေပြီး နိုင်ငံတွေက သူတို့ရဲ့လုပ်နိုင်စွမ်းကိုအခြေခံပြီး ရောဂါဝန်ထုပ်ဝန်ပိုးကို ထိရောက်စွာစီ မံခန့်ခွဲနိုင်ခြင်းမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
WHO ၏ COVID-19 အရေးပေါ်ကော်မတီက ကပ်ရောဂါအား နိုင်ငံတကာစိုးရိမ်ဖွယ် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဆက်လက်သတ်မှတ်ခြင်း ရှိ၊မရှိ ဆုံးဖြတ်ရန် ဇူလိုင် ၈ ရက်က အွန်လိုင်းမှ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။
ဗိုင်းရပ်စ်ကူူးစက်မှုဖြစ်စဉ်များအား ထောက်လှမ်းမှုနှင့် ဗိုင်းရပ်စ်ပေါ်ပေါက်လာမှုတို့အား စောင့်ကြည့်မှုတို့ကို နှောင့်နှေးစေသည့် စမ်းသပ်မှုမူဝါဒများအား ယင်းအစည်းအဝေးတွင် ပြောင်းလဲခဲ့သည်ဟု WHO အရေးပေါ်ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က ပြောကြားခဲ့သည်။
ပေါ်ပေါက်လာသော ဗိုင်းရပ်စ်၏လမ်းကြောင်းနှင့် ထွက်ပေါ်လာသော မျိုးကွဲများ၏ ၀ိသေသလက္ခဏာများသည် သေချာမှုမရှိသည့်အပြင် ခန့်မှန်း၍မရသေးကြောင်းကော်မတီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
