အမေရိကန်နိုင်ငံတွင် မကြာသေးမီလများအတွင်း COVID-19 ကူးစက်ခံရမှုကြောင့် သေဆုံးတက်ရောက်သူဦးရေ နှစ်ဆအထိ မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရချိန်တွင် COVID-19 ကာကွယ်ဆေးများ၏ အိုမီခရွန်ထပ်ဆင့်မျိုးကွဲများအတွက် ကာကွယ်နိုင်စွမ်းအပေါ် ရှင်းလင်းစွာ မသိရသေးသည့်တိုင် ကပ်ရောဂါကို တိုက်ဖျက်မှုတွင် ကာကွယ်ဆေး၏ အရေးပါမှုကို အမေရိကန်ကျန်းမာရေးအာဏာပိုင်များက ဇူလိုင် ၁၂ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်တွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်နွှယ်၍ ဆေးရုံတက်ရောက်ကုသမှုခံယူသူ ၅၁၀၀ ခန့်စံချိန်တင်မြင့်တက်ခဲ့ပြီး ယင်းသည် မေလအစောပိုင်းကတည်းက ဆေးရုံတက်ရောက်ကုသမှုခံယူသူ နှစ်ဆမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ညွှန်ကြားရေးမှူး ရိုချယ်လီဝေါ်လန်စကီးက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခြင်းသည် ဧပြီလတွင် ပထမဆုံးတွေ့ရှိခဲ့သည့် အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲများဖြစ်သော BA.4 နှင့် BA.5 တို့နှင့် ဆက်နွှယ်နေပြီး လက်ရှိအမေရိကန်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တို့၏ ၁၆ ရာခိုင်နှုန်းနှင့် ၆၅ ရာခိုင်နှုန်းတို့ကို အသီးသီးကိုယ်စားပြုလျက်ရှိသည်။
ယင်းအိုမီခရွန်ထပ်ဆင့်မျိုးကွဲများသည် ယခင်မျိုးကွဲများထက် ပိုမိုပြင်းထန်မှုမရှိသော်လည်း ပိုမိုကူးစက်မြန်ပြီး ကိုယ်ခံအားစနစ်ကို ပိုမိုရှောင်လွှဲနိုင်စွမ်းရှိသည်ဟု သိရှိရကြောင်း ဝေါ်လန်စကီးက ပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်တိုးကာကွယ်ဆေးများ၏ ထိရောက်မှုသည်မျိုးကွဲအသစ်များနှင့် ပတ်သက်၍ပြင်းထန်နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးနိုင်ခြင်းတို့မှ ကာကွယ်နိုင်စွမ်း ဆက်လက်မြင့်တက်ဖွယ်ရှိသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
“သင့်ရဲ့ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို အစိုးရရဲ့လမ်းညွှန်ချက်တွေအတိုင်း စဉ်ဆက်မပြတ်လုပ်ဆောင်ရာကနေ ပြင်းထန်ရလဒ်တွေကနေ အကောင်းဆုံးကာကွယ်မှုရရှိနိုင်မှာပါ” ဟု ဝေါ်လန်စကီးက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်ခံရသူ မြင့်တက်နေသော်လည်း ဗိုင်းရပ်စ်မျိုးကွဲအသစ်များနှင့်ပတ်သက်၍ အထိတ်တလန့်ဖြစ်ခြင်း သို့မဟုတ် မိမိတို့၏အသက်များကို ထိခိုက်စေခြင်းတို့အား ခွင့်မပြုသင့်ကြောင်း သမ္မတဂျိုးဘိုင်ဒင်၏ ဆေးဘက်ဆိုင်ရာအကြံပေးအကြီးအကဲ အန်သိုနီဖော်ချီက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်က ကပ်ရောဂါအကျပ်အတည်း အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီးနောက် နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူ အများအပြားလျော့ကျသွားခဲ့သော်လည်း အမေရိကန်တွင် နေ့အလိုက် သေဆုံးသူ ၃၀၀ မှ ၃၅၀ အထိ ဆက်လက်စံချိန်တင်ထားပြီး ယင်းသည်လက်မခံနိုင်သော အရေအတွက်ဖြစ်သည်ဟု ဖော်ချီက ပြောကြားခဲ့သည်။
အမေရိကန်တွင် နေ့အလိုက်ကူးစက်ခံရသူ ၁၀၀၀၀၀ နှင့် ၁၅၀၀၀၀ ကြားရှိနေသော်လည်း ရလဒ်များကိုအာဏာပိုင်များထံ တစ်ခါတစ်ရံအစီရင်ခံတင်ပြခြင်းမရှိသည့် နေအိမ်များတွင် COVID-19 စစ်ဆေးမှုများကြောင့် တရားဝင်ထုတ်ပြန်ထားသည့်အရေအတွက်သည် အမှန်တကယ်ကူးစက်ခံရသူအရေအတွက်အောက် အများအပြားလျော့နည်းနိုင်ခြေရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
