Top News

မြန်မာနိုင်ငံသားများ ခိုးဝင်မှုများ ရှိသည့်အတွက် ထိုင်းနယ်စပ်တွင် ဒရုန်းများ အသုံးပြုပြီး လုံခြုံရေးတိုးမြှင့် စောင့်ကြည့်နေ
24htopnews | November 24, 2024 5:12 PM CST

မြန်မာနိုင်ငံသားများ ခိုးဝင်မှုများ ရှိသည့်အတွက် ထိုင်းနယ်စပ်တွင် ဒရုန်းများ အသုံးပြုပြီး လုံခြုံရေးများ တိုးမြှင့်စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုး၏ ပြောကြားချက်အရ သိရသည်။

ကိုဗစ်ကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်ကြသည့် မြန်မာနိုင်ငံသားများရှိပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူများ ပါဝင်နေကြောင်း သိရသည်။

“ထိုင်းနိုင်ငံကို ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသားတွေမှာ ကိုဗစ်ရောဂါ ကူးစက်ခံနေရတာတွေ တွေ့လာတာကြောင့် ထိုင်းအာဏာပိုင်တွေက ဒီလိုခိုးမဝင်လာနိုင်အောင် နယ်စပ်မှာ လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ် ချထားတယ်” ဟု ဦးမိုးကြိုးက ဆိုသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ခေါ်ဆောင်လာသူများကို ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ်တစ်သိန်းနှင့် တရားမဝင်သူကို လက်ခံထားသူကို ထောင်ဒဏ် ငါးနှစ် သို့မဟုတ် ဒဏ်ငွေ ငါးသောင်း ကျခံရမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ပထမအပတ်အတွင်း ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

သြဂုတ်လ တစ်လအတွင်းမှာပင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ ၆၀၀၀ ရှိပြီး ဖမ်းဆီးမခံဘဲ တရားမဝင် ဝင်ရောက်ကြသည့် မြန်မာ ၂၀၀၀၀ ကျော်ရှိသည်။

ထိုင်းနိုင်ငံသို့ မတ်လမှ နိုဝင်ဘာလ ကိုဗစ်ကာလ ရှစ်လအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား အရေအတွက် စုစုပေါင်း ၁၀၀၀၀ မှ ၁၅၀၀၀ ကြားရှိကြောင်း ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန (DSI) က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် COVID ကူးစက်ခံရသူ မြင့်တက်လာသောကြောင့် နယ်စပ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံသို့ နှစ်ပတ်အတွင်း ကူးစက်လာနိုင်သည်ဟု ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက စက်တင်ဘာလအတွင်းက သတိပေးထားသည်။

ထို့ကြောင့် ထိုင်း-မြန်မာ နယ်စပ်များ၌ ခြံစည်းရိုးများ ကာရံပြီး တရားမဝင် မြန်မာများ ခိုးဝင်မှုမရှိအောင် လုံခြုံရေးများ တိုးမြှင့်ထားခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းများဖြစ်သည့် မဲဆောက်မြဝတီ၊ ကော့သောင်း-ရနောင်း၊ တာချီလိတ်-မယ်ဆိုင်၊ ထီးခီး-ထားဝယ် စသည့်လမ်းများ၌ လုံခြုံရေးများ တင်းကြပ်ထားသည်။

ထိုင်းဘက်မှ လုံခြုံရေး တိုးမြှင့်ထားသည့်ကြားမှ ထိုင်းဘက်သို့ ခိုးဝင်ကြပြီး ဖမ်းဆီးခံရသည့် မြန်မာ နေ့စဉ် ၃၀ ဦးခန့်ရှိကြောင်း ဦးမိုးကြိုးထံမှ သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းရှိ မဲဆောက်၊ မဟာချိုင်၊ စမွန်ခရာ၊ ချွန်ဘူရီ၊ အယုဒ္ဓယ၊ ကန်ချရဘူရီတို့တွင် အများဆုံး နေထိုင်ကြသည်။

ထိုင်းတွင် လုပ်ကိုင်နေသည့် တရားဝင် မြန်မာလုပ်သား နှစ်သန်းကျော်ရှိပြီး တရားမဝင် ၈၀၀၀၀၀ ကျော်ရှိသည်။

 


READ NEXT
Cancel OK