မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ ရေထွက်ကုန်ပစ္စည်း ငါး၊ ပုစွန် အဓိက လက်ကားဖြန့်ဖြူး ရောင်းချသော သီရိမာလာစျေးတွင် COVID-19 ကူးစက်ဖြစ်ပွားသူဦးရေ များလာသည့်အတွက် ကူးစက်မှု ထိန်းနိုင်ရန် စျေးကို ယာယီပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။
သီရိမန္တလာစျေးအတွင်း သယ်ယူပို့ဆောင်ပေးသည့် ယာဉ်မောင်းများ၊ ပွဲရုံပိုင်ရှင်များနှင့် အလုပ်သမားများတွင် COVID-19 ပိုးကူးစက် ဖြစ်ပွားခံရမှုများရှိပြီး ဒီဇင်ဘာ ၈ ရက်အထိ ဦးရေ ၅၀ ကျော် ပိုးတွေ့ဖြစ်ပွားသည့် အတွက် စည်ပင်သာယာရေး ကော်မတီ စျေးဌာနနှင့် သက်ဆိုင်ရာ စျေးအကျိုးတော်ဆောင်၊ စျေးသည်အချို့ အစည်းအဝေး ပြုလုပ်ကာ စျေးကို ယာယီပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“COVID-19 ကူးစက်ပြန့်ပွားမှု များလာတဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ယာယီ စျေးပိတ်ထားဖို့ အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘောတူခဲ့ကြတယ်။ စျေးပိတ်ခွင့်အတွက် မြို့တော်စည်ပင်က တိုင်းအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ ဒီလိုစျေးပိတ်တာကြောင့် သားငါးတွေ ကုန်စျေးတက်တာမျိုးတွေ မဖြစ်အောင် စျေးထဲက လက်ကားပွဲရုံတွေကို သူတို့ရဲ့နေအိမ်ခြံဝန်း တွေထဲကနေ ဖောက်သည်တွေဆီကို အရောက်ပို့စနစ်နဲ့ ချိတ်ဆက်ရောင်းချဖို့ စီစဉ်ထားတယ်။ ဒီလိုပဲ အခြားမြို့တွေကိုလည်း ချိတ်ဆက်တင်ပို့ဖို့ စီစဉ်ထားတယ်။ ဒါကြောင့် ကြိုတင်ချိတ်ဆက် ရောင်းဝယ်မှုတွေ လုပ်နိုင်အောင် စျေးကို ချက်ချင်းပိတ်တာ မဟုတ်ဘဲ ရက်ခြားပြီး ၁၂ ရက်နေ့မှာ စပိတ်သွားမှာ ဖြစ်တယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
သီရိမန္တလာစျေးမှာ လက်ကားစျေးကြီး ဖြစ်ကာ မန္တလေးမြို့အပြင် အထက်မြန်မာပြည်ရှိ မြို့များသို့လည်း တင်ပို့ရောင်းချနေသည့် စျေးတစ်ခုဖြစ်ပြီး လက်ရှိတွင် စျေးအား စည်ပင်သာယာရေး ကော်မတီမှ တစ်ရက်လျှင် ဖွင့်လှစ်ချိန် နှစ်ချိန်ကန့်သတ်ကာ ဖွင့်လှစ်ခွင့်ပြုထားသည့် စျေးတစ်ခုဖြစ်သည်။
စျေးကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကာ စျေးတွင် ရေထွက်ကုန်နှင့် ပန်း၊ ဟင်းသီးရွက် လက်ကား ရောင်းချသည့် ဆိုင်ခန်းပွဲရုံပေါင်း ၄၇၄ ခုရှိကာ၊ ပျံကျစျေးသည်ပေါင်း ၂၅၀ ခန့် ရှိကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးခရိုင်အား ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ Stay at Home အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ကာ စည်းကမ်းချက်များ ထုတ်ပြန်ထားရာ မန္တလေးမြို့ပေါ် စျေးများတွင် စျေးရောင်းချချိန်ကို နံနက် ၆ နာရီမှ ၁၂ နာရီအထိ သတ်မှတ် ခွင့်ပြုထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းကလည်း ကမ်းနားလမ်းရှိ ၄၁ လမ်း ကုန်စိမ်းညစျေးတွင် ပိုးကူးစက် ဖြစ်ပွားမှုကြောင့် ဆိုင်ခန်း ၁၀၀ ကျော်အား စျေရောင်းချခွင့် ခေတ္တပိတ်ခဲ့ပြီး ယခုအခါ ယင်းဆိုင်များကို ပြန်လည် ရောင်းချခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
