မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ သီရိပစ္စယာနယ်မြေ လောကနန္ဒာ စွယ်တော်ဘုရားကြီးအနီး မြစ်ဆိပ် သဲသောင်ပြင်ပေါ်တွင် လာရောက် အပန်းဖြေသူများနှင့် စည်ကားနေသောကြောင့် တာဝန်ရှိသူများက လူစုလူဝေး မဖြစ်ပေါ်အောင် တားမြစ်မှုများ ပြုလုပ်နေကြောင်း ညောင်ဦးမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အဆိုပါ လောကနန္ဒာ စွယ်တော်ဘုရားကြီးအနီး မြစ်ဆိပ် သဲသောင်ပြင်ပေါ်သို့ လာရောက်အပန်းဖြေသူများ၊ မြစ်အတွင်း ရေလာချိုးသူများဖြင့် အဆိုပါနေရာ၌ လူစုလူဝေးဖြစ်ပေါ်ပြီး စည်ကားမှုများ ဖြစ်နေသောကြောင့် COVID-19 ကပ်ရောဂါအား ထိန်းချုပ်ကာကွယ်ရန် ဒီဇင်ဘာ ၉ ရက်ကစတင်၍ တာဝန်ရှိသူက လူစုလူဝေး မဖြစ်ပေါ်အောင် တားမြစ်ဆောင်ရွက်နေကြောင်း ညောင်ဦးမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြောကြားသည်။
“ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လူစုလူဝေးမဖြစ်ဖို့ လုပ်ခိုင်းလိုက်ပါပြီ။ အဲဒီအပေါ်က စျေးဆိုင်လေး သုံးလေးဆိုင် ရှိတာကို စည်ပင်က ရှင်းပေးပေါ့။ စည်ပင်ကို တာဝန်ပေးလိုက်တယ်။ ရေချိုးဆိပ်မှာ ရေမချိုးကြဖို့ အပန်းမဖြေကြဖို့ အသိပေးဗီနိုင်း ပိုစတာဆိုင်းဘုတ်လေးတွေ ထောင်မယ်။ အဝင်လမ်းလေးကိုလည်း လူသွားလူလာ မရှိအောင် ပိတ်မှာပေါ့။ အဝင်လမ်းက သုံးလမ်းပေါ့။ ပိတ်လိုက်လို့ရင် လူစုလူဝေး မဖြစ်တော့ဘူး။ ဒီနေ့ညနေက စဆောင်ရွက်နေပါတယ်။ ပြီးတော့ အသံချဲ့စက်တွေနဲ့ ကြေညာနေပါတယ်။ လူစုလူဝေး မဖြစ်ဖို့ လာရောက် အပန်းမဖြေကြဖို့ ရေမချိုးကြဖို့ လူစုလူဝေး မလုပ်ကြဖို့ စဆောင်ရွက်နေပါပြီ” ဟု ၎င်းက ပြောကြားသည်။
လောကနန္ဒာ စွယ်တော်ဘုရားကြီးအနီး မြစ်ဆိပ်သဲသောင်ပြင်ပေါ်သို့ လာရောက်သူများဖြင့် စည်ကားနေသောကြောင့် လာရောက်အပန်းဖြေခြင်း၊ ရေလာချိုးသူများ မလာရောက်နိုင်ရန် အဝင်လမ်းများကို ပိတ်ဆို့သွားပြီး အသိပေး ဆိုင်းဘုတ်များလည်း စိုက်ထူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
