မြောက်ဥက္ကလာပဆေးရုံကြီးတွင် COVID-19 လူနာ ၄၀၀ ကျော် လက်ခံကုသပေးနေပြီး လူနာများကို အောက်ဆီဂျင် ပေးရသည့်နှုန်း မြင့်တက်နေရာ တစ်နေ့လျှင် ရှစ်တန်ခန့် သုံးစွဲကုသပေးနေရကြောင်း မြောက်ဥက္ကလာပဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြားသည်။
“အခုနောက်ပိုင်းမှာ အောက်ဆီဂျင်သုံးတဲ့နှုန်းက ၁၀ တန် Tank တစ်ခုလုံးကို တစ်ရက်နီးနီး သုံးတဲ့အခြေအနေရောက်လာပါပြီ။ ၁၀ တန် Tank က မလုံလောက်တဲ့အခြေအနေအထိတောင် ဖြစ်လာပါပြီ။ တစ်ရက်ကို ရှစ်တန်လောက်ကို သုံးစွဲကုသပေးနေရပါတယ်။ အောက်ဆီဂျင်က အတော့်ကို အရေးကြီးနေပါတယ်။ မျိုးစုံသောစက်တွေ ပထမဆုံးတော့ ဖြည်းဖြည်းပဲရှူနိုင်တဲ့ နှာခေါင်းမှာတပ်ရုံနဲ့ ရှူတဲ့နှာခေါင်းတပ် ကိရိယာတွေ၊ နောက်ထပ်ပိုပြီးရှူနိုင်အောင် လုပ်ပေးတာ မြန်နှုန်းမြင့်မြင့်နဲ့ လေကိုရှူနိုင်သွင်းနိုင်အောင် လုပ်ပေးတဲ့စက်တွေ၊ Ventilator တွေနဲ့၊ အသက်ရှူစက်တွေနဲ့ ရှူနိုင်အောင် လုပ်ပေးတာတွေ ဒီလိုစက်တွေအမြောက်အမြားကို ထည့်သွင်းတပ်ဆင်ခဲ့ရပါတယ်” ဟု ဒေါက်တာကြည်စိုးက ပြောကြားသည်။
COVID-19 ရောဂါ ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများသို့ အသက်ရှူမဝ၍ လာရောက်ပြသသူ လူနာ သိသိသာသာ များပြားနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နည်းပညာကူညီပံ့ပိုးအားဖြည့်ပေးရေး အဖွဲ့ဝင်၊ ကူးစက်ရောဂါဗေဒအကြံပေးပညာရှင်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားသည်။
“အခုဆို ရောဂါဖြစ်ပွားမှုဖြစ်စဉ်က နည်းနည်းပြောင်းလာတယ်။ COVID က ပထမတုန်းက အနံ့ပျောက်တွေများတယ်။ အခုကျတော့ အသက်ရှူမဝတဲ့လူတွေများလာတယ် စသဖြင့် ရောဂါဖြစ်တဲ့အခြေအနေပေါ် မူတည်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်းပဲ ကုသရေးအတွက် ဆေးရုံတွေ တိုးချဲ့တာကိုလုပ်ခဲ့တယ်။ အဲဒီအတွက် လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း နည်းလာတော့ တခြားတိုင်းနဲ့ပြည်နယ်တွေ ကနေပြီးတော့ သက်ဆိုင်ရာ ဆရာဝန်တွေ ဆရာမတွေ လုပ်အားပေးတွေ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းနဲ့ ချိတ်ဆက်ပြီးတော့ စေတနာ့ဝန်ထမ်းတွေ တခြားဝန်ထမ်းတွေခေါ်ပြီးတော့ လုပ်နေရတယ်။ အခု အနံ့ပျောက်တဲ့သူတွေကို မြို့နယ်တွေမှာ အနံ့ပျောက်လူနာတွေထားတဲ့ စင်တာတွေဖွင့်ပြီး ထိန်းလိုက်တဲ့အတွက်ကြောင့် ဆေးရုံတွေကို အနံ့ပျောက်လူနာသွားတာ နည်းသွားပေမဲ့ အခုရောဂါရဲ့ ဖြစ်စဉ်ပြောင်းလဲမှုကြောင့် အသက်ရှူမဝတဲ့လူနာတွေ တအားများလာတယ်။ ရန်ကုန်ဆေးရုံကြီး အပါအဝင် မြောက်ဥက္ကလာတို့၊ အင်းစိန်တို့၊ သင်္ဃန်းကျွန်းတို့လို ဆေးရုံကြီးတွေကို လာပြကြတာများလာတယ်။ အခု အနောက်ပိုင်းဆေးရုံ၊ အရှေ့ပိုင်းဆေးရုံတွေ ဒီလိုနေရာတွေမှာလည်း ဒီလို Case တွေ ရှိလာတယ်။ ဒီမှာလည်းပဲ အခက်အခဲတွေ ကျန်းမာရေးဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာတွေဆိုတာလည်း တကယ်ဖြစ်နေတာပါပဲ” ဟု ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အောက်ဆီဂျင်လိုအပ်နေသည့် လူနာဦးရေမြင့်တက်နေ၍ COVID-19 ကုသရေးဌာန (ဖောင်ကြီး) နှင့် မြောက် ဥက္ကလာပဆေးရုံကြီးများတွင် လူနာဆောင်နှင့် အောက်ဆီဂျင်ပိုက်လိုင်းများ ထပ်မံတိုးချဲ့တပ်ဆင်ခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကုသရေးဆေးရုံကြီးငါးခု၊ ကုသရေးစင်တာ ၁၅ ခု၌ ခုတင်စုစုပေါင်း ၁၀၀၀၀ ကျော်ရှိလာပြီး ICU ခုတင် ၁၄၀ ကျော်နှင့် အောက်ဆီဂျင်ပေးနိုင်သည့် ခုတင် ၁၀၀၀ ခန့်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
COVID-19 ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်အနက် ၁၈၀၀ ကျော်မှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့) မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သေဆုံးလူနာများရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
