ဧရဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်အနေဖြင့် COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း ဒီဇင်ဘာ ၉ ရက် ညပိုင်းတွင် အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ပြန်ပေးပို့သည့် ကျန်းမာရေးစစ်ဆေးမှု အဖြေရလဒ်အရ သိရှိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်များအား ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရန်အတွက် စာရင်းများပြုစုဆဲကာလတွင် လပွတ္တာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးရုံးအဖွဲ့ အားလုံးနီးပါးတွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိပြီးနောက် အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ထပ်မံ စစ်ဆေးရာမှ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ထံတွင် ရောဂါကူးစက် ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်မှာ Rapid Test Kit စစ်ဆေးရာတွင် Negative ရလဒ် ထွက်ပေါ်ခဲ့သော်လည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) စစ်ဆေးမှုအရ Positive ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“လပွတ္တာမှာ ထိတွေ့မှု ရှိကတည်းက သူက ရုံးမတက်တော့ဘဲ Quarantine ဝင်ရောက်နေပြီးတော့ Quarantine ကနေပဲ အလုပ်တွေ လုပ်နေတာ။ အခုလည်း ကျန်းမာရေး ကောင်းနေတယ်။ ဒီလောက်ပဲ အစ်ကိုလည်း ပြောလို့ရမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဆိုသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးချမ်းငြိမ်းကျော်၊ လပွတ္တာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအောင်ကျော်စိုး၊ မဲဆန္ဒနယ် အမှတ် (၂) မှ ဦးကျော်ဝင်း အပါအဝင် အောင်နိုင်ရေးရုံးအဖွဲ့ဝင် ၁၇ ဦးမှာ ရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲကုန်ကျစရိတ်များ တင်ပြရန်အတွက် ငွေစာရင်းများ ရေးဆွဲနေစဉ် မြို့နယ် NLD ရုံးတွင် ကွန်ပျူတာစာရေးဖြစ်သူ အမျိုးသားတစ်ဦးထံမှတစ်ဆင့် COVID-19 ရောဂါကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် အောင်နိုင်ရေးအဖွဲ့ဝင်များအပြင် မြို့နယ်အလုပ်အမှုဆောင်အချို့မှာ Quarantine ဝင်ရောက်ခဲ့ရပြီး ထပ်မံ စစ်ဆေးချက်များအရ ဝန်ကြီး ဦးကျော်မြင့်ထံတွင် ရောဂါကူးစက်ခံရသည်ကို သိရှိရခြင်းဖြစ်သည်။ ဒီဇင်ဘာ ၇ ရက်တွင် လပွတ္တာမြို့မှ Swab ပေးပို့ခဲ့သည့် ၆၆ ဦးအနက် ၁၂ ဦးထံတွင် ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
