Top News

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့် လျှောက်ထားသူ ၃၂၆ ဦးရှိပြီး ၂၇၆ ဦးခွင့်ပြုခဲ့
24htopnews | November 24, 2024 5:12 PM CST

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းမှ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့် လျှောက်ထားသူ ၃၂၆ ဦးရှိပြီး ၂၇၆ ဦးအား ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုအတွက် မြန်မာနိုင်ငံ၌ ကာလရှည်ကြာစွာ လာရောက်နေထိုင်ရန် ရင်းနှီးမြုပ်နှံလိုသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများ၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားများအတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ နည်းဥပဒေကို (၁၈-၁၁-၂၀၁၄) ရက်တွင် အတည်ပြု ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ လျှောက်ထားခြင်း လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ၂၀၁၆ မှ ၂၀၂၀ သြဂုတ်လအထိ လျှောက်ထားသူ ၄၂၇ ဦး ရှိသည့်အနက် ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုထားသူ ၉၅ ဦး အပါအဝင် ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ ခွင့်ပြုသူ ၄၄၄ ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ အပြည်ပြည်ဆိုင်ရာ နယ်စပ်/ဝင်ထွက်ပေါက်များမှ နိုင်ငံခြားသား ခရီးသွား တစ်သန်းနီးပါးအထိ ဝင်ရောက်မှုရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ e-Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွား ၁ ဒသမ ၇ သန်းကျော်ရှိပြီး ၎င်းတို့ e-Visa လျှောက်ထားမှုမှ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

 


READ NEXT
Cancel OK