COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် လုံးဝနီးပါး ရပ်ဆိုင်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် စတင်နိုင်ရန် ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ်၊ မြစ်တွင်းသွားခရီးစဉ်၊ ကုန်းတွင်း ယာဉ်တန်းခရီးသွားလုပ်ငန်းများကို Pilot Project အနေဖြင့် စတင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါအစီအစဉ်အရ ရန်ကုန်မြစ်အတွင်း သုံးနာရီခန့် ကြာမြင့်မည့် အပျော်စီး ရှုခင်းကြည့်ခရီးစဉ်အား ပြေးဆွဲရန် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ပြေးဆွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်၏ ပြောကြားချက်အရ သိရသည်။
“အကြမ်းဖျဉ်းအားဖြင့်တော့ ဒီဇင်ဘာ ၁၉ ၊ ၂၀ လောက်မှာပေါ့။ ရန်ကုန်မြစ်အတွင်း သုံးနာရီလောက်ကြာမယ့် အပျော်စီးခရီးစဉ်ပေါ့နော်။ မြစ်တွင်းရဲ့အလှအပ နေဝင်ချိန်ကို ကြည့်ရှုခံစားနိုင်ဖို့ စီစဉ်နေပါတယ်။ မကြာခင် အများပြည်သူကို ကြေညာပေးသွားမှာပါ။ ဒီလိုခရီးစဉ်တွေကို စီစဉ်တဲ့နေရာမှာ ကျန်းမာရေးအရ စည်းကမ်းချက်တွေနဲ့အညီ စီစဉ်သွားမှာပါ။ သင်္ဘောဆို လူ ၁၂၀ လောက်ဆံ့ပေမဲ့ လူ ၃၀ လောက်ပဲ ခေါ်သွားမှာပါ။ လေယာဉ်ခရီးစဉ်ဆိုရင်လည်း ဒီလိုပါပဲ။ လူဦးရေ ဆံ့သလောက်မတင်ဘဲ လူဦးရေ ၇၀၊ ၈၀ ဆံ့ရင် လူ ၃၀၊ ၄၀ လောက်ပဲ တင်ပြီး ပျံသန်းသွားမှာပါ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။
COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် လုံးဝနီးပါး ရပ်ဆိုင်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flight Tour) အား ဒီဇင်ဘာလဆန်းတွင် လည်းကောင်း၊ မြစ်တွင်းသွား သင်္ဘောခရီးစဉ် (River Cruise Tour) ကို ဒီဇင်ဘာ ဒုတိယပတ်တွင် လည်းကောင်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီးသွားလုပ်ငန်းကို ဒီဇင်ဘာ နောက်ဆုံးပတ်တွင် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
“ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ဖို့ ခရီးစဉ် သုံးမျိုးတော့ လောလောဆယ် လျာထားပါတယ်။ ပထမက ရှုခင်းကြည့် အပျော်စီး လေယာဉ်ခရီးစဉ်ပေါ့။ သူက Landing မလုပ်ဘဲ ရှုခင်းကြည့်ဖို့ပေါ့။ ဒါက စင်းလုံးငှား ခရီးစဉ်ပေါ့။ အခုထိတော့ လေယာဉ် စင်းလုံးငှား စျေးနှုန်းတွေ မသိသေးတော့ အတိအကျပြောလို့ မရသေးဘူး။ နောက်တစ်ခုက ရန်ကုန်မြစ်တွင်းမှာ သင်္ဘောနဲ့ အပျော်စီးခရီးစဉ်ပေါ့။ ပထမဆုံးကတော့ ဝန်ကြီးဌာနက Pilot Project အနေနဲ့ စလိုက်တာပေါ့။ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နိုင်ရင် နောက်ပိုင်းကျရင်တော့ Private sector တွေကပဲ ဆက်ပြီး လုပ်သွားမှာပါ။အဓိကတော့ ဝန်ကြီးဌာနကနေ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ ညီနောင်အသင်းတွေကို ကြိုတင် ပြင်ဆင်ထားဖို့ အသိပေးလိုက်တာပါ” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
