မြောင်းမြမြို့နယ် တိုက်သစ်ပဇ္ဇောတာရုံ စာသင်တိုက်ကျောင်းမှ သံဃာတော်အပါး ၂၀ ကျော်ထံတွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒီဇင်ဘာ ၈ ရက်မှ စတင်ကာ အဝင်အထွက် ကန့်သတ်သည့် နေရာအဖြစ် သတ်မှတ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၂၀ ဖြင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၄ အရ အဝင်အထွက် ကန့်သတ်နယ်မြေအဖြစ် ကြေညာခဲ့ခြင်းဖြစ်ပြီး ကျောင်းတိုက်ရှိ သံဃာတော်များ ဆွမ်းဟင်းနှင့် ဝေယျာဝစ္စများအတွက် ကျောင်းတိုက်အစီအမံဖြင့် ဖြေရှင်းလုပ်ဆောင်နေကြောင်း၊ ကျောင်းတိုက်ရှိ နာယက ဆရာတော်ကြီး သုံးပါးမှာမူ ရောဂါကူးစက်ခံရခြင်း မရှိဘဲ ကျန်းမာလျက်ရှိကြောင်း၊ ကျောင်းတိုက်မှာ ပြင်ပလူပုဂ္ဂိုလ်များနှင့် ယခင်ကတည်းက ဆက်သွယ် သွားလာခြင်း မရှိကြောင်း သိရသည်။
“အရုဏ်ဆွမ်း၊ နေ့ဆွမ်းတွေကိုတော့ ပြင်ပက Delivery တွေနဲ့ ပို့နေတယ်။ အလှူရှင် ရှိရင်တော့ အလှူရှင်ကို လွှဲလိုက်တာပေါ့။ အလှူရှင်က ကိုယ်တိုင်မကပ်နိုင်ရင်လည်း Delivery လုပ်နေသူတွေကို ဝတ္ထုငွေလွှဲပြီးတော့ ကပ်လိုက်တာပေါ့။ အခုလောလောဆယ်ကတော့ အလှူရှင်က ရှိလိုက် မရှိလိုက်ဘဲ။ ကျောင်းက စီမံတာကိုပဲ လုပ်နေတာများတယ်။ ကျောင်းကပဲ စီမံနေတယ်။ အားလုံးကျန်းမာရေးကောင်းနေကြပါတယ်။ ပြင်ပမှာ သီတင်းသုံးနေရတဲ့ ကိုယ်တော်တွေကတော့ အနံ့တော့ ပြန်မရသေးဘူး။ ဦးဇင်းတို့ ဂိုဏ်းထုံးစံကိုက အရင်ကတည်းက ဒကာ ဒကာမ တွေနဲ့ ခပ်ဝေးဝေး ခပ်ကင်းကင်းနေကြတာဆိုတော့ ဦးဇင်းတို့ ကျောင်းကလည်း စာသင်တိုက်ကျောင်းလည်း ဖြစ်နေတော့ ရိုးရိုးလူကတောင် ဝင်ရဲတာ မဟုတ်ဘူးလေ။ သဘာဝကိုက အဆက်အဆံမရှိဘူး။ ရွှေကျင်ဂိုဏ်းထုံးစံအရ ဒကာ ဒကာမနဲ့ ကင်းအောင်နေကြတာကိုး။ သဘာဝကိုက ကင်းပြီးသားဖြစ်နေတယ်။ ပထမကိုဗစ်ကာလ စကတည်းက ဦးဇင်းတို့ ကျောင်းက ဆွမ်းခံမထွက်တော့ဘူး။ အသွားအလာလည်း လုံးဝမရှိဘူး။ အဲဒီမှာ ကိုယ်တော်လေး တစ်ပါးကတော့ ပထမစဖြစ်တဲ့ ကိုယ်တော်လေးကတော့ နေမကောင်းလို့ ဆေးရုံကို နှစ်ခါသွားဖူးတယ်။ အပြင်အဆက်အဆံဆိုလို့ အဲဒါပဲရှိတယ်။ သံသယဖြစ်စရာလေး ဆိုရင်တော့ အဲဒါတော့ရှိတယ်။ ဒါကတော့ ဆရာဝန်မျက်စိနဲ့ကြည့်တာ မဟုတ်ဘူး။ ဦးဇင်းတို့ သိရသလောက် ကိုယ်ခန့်မှန်းသိလောက်ပေါ့လေ” ဟု တိုက်သစ်ပဇ္ဇောတာရုံ ကျောင်းတိုက်မှ တိုက်ကြပ်ဆရာတော် ဥူးဝိမလက မိန့်သည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ဒေသတွင်း ကူးစက်ခံရမှုများ မြင့်မားလာနေပြီး ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်များအရ COVID-19 ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာ ၃၃၆၈ ဦးထိရှိပြီး ၂၁ ဦး သေဆုံးကာ ၂၆၁၂ ဦးမှာ ရောဂါများ သက်သာပျောက်ကင်းသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
