မွန်ပြည်နယ်၌ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက် နှစ်ရက်တာအတွင်း COVID-19 လူနာ သုံးဦးသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
“သေဆုံးခဲ့တဲ့ Positive လူနာသုံးဦးမှာ တစ်ဦးက မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်က ထွန်းမြတ်စေတနာ ပရဟိတ လူမှုကူညီ ကယ်ဆယ်ရေးအသင်းက အသင်းသားတစ်ဦး ဖြစ်ပါတယ်။ သူက ဆေးရုံလာတက်တယ်။ ဒီဇင်ဘာလ ၈ ရက် မနက်ပိုင်းမှာ ဆုံးသွားတယ်ပေါ့။ အဲ့ဒီမှာ ဆေးစစ်ကြည့်တဲ့အခါမှာ Positive တွေ့ရတာပါ။ သူ့အတွက် ကျွန်တော်တို့လည်း အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်။ နောက်တစ်ယောက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်က အမျိုးသား တစ်ဦးပါ။ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေသူ ဖြစ်ပါတယ်။ သူက ဒီဇင်ဘာလ ၈ ရက် ည ၁၁ နာရီလောက်မှာ ဆုံးသွားတာပါ” ဟု မော်လမြိုင် အရေးပေါ် လူမှုကူညီ ကယ်ဆယ်ရေးကွန်ရက် ဒုဥက္ကဋ္ဌဖြစ်သူ ကိုဇင်မိုးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “နောက်ထပ်တစ်ဦးမှာ မော်လမြိုင်မြို့ ပန်းဘဲတန်း ရပ်ကွက်ကပါ။ သူ့ကို သံသယလူနာ အဖြစ်နဲ့ PUI ထဲမှာ ဆေးကုသမှု ခံယူနေရသူပါ။ ညက ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တဲ့ Positive လူနာစာရင်းထဲမှာ ပါလာတယ်။ ဒီမနက် (ဒီဇင်ဘာ ၉ ရက်) ၅ နာရီလောက်မှာ ဆုံးသွားပါတယ်။ သုံးယောက်လုံးကို Covid နာရေးပုံစံအတွင်း သဂြိုလ်ပေးထားပါတယ်” ဟု ပြောကြားသည်။
Positive လူနာများ သေဆုံးမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းတွင် ကင်ဆာရောဂါ၊ အရေပြားရောဂါ၊ လေးဘက်နာရောဂါ စသည်ဖြင့် ရောဂါအခံရှိသူများ သေဆုံးမှုများကြောင်း၊ နောက်ပိုင်းတွင် ဆီးချိုရောဂါသည်၊ ကျောက်ကပ်ရောဂါ စသည်ဖြင့် သေဆုံးသူများလည်း ရှိကြောင်းနှင့် ရောဂါအခံရှိသူများ COVID-19 ကူးစက်ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရန် သတိထား နေထိုင်သင့်ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာဝတ်မှုံက ပြောကြားသည်။
"အရင်ကဆိုရင် COVID-19 Positive ဖြစ်တဲ့သူတွေမှာ ရောဂါအခံရှိနေရင် သေဆုံးနိုင်ချေ များတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဆီးချို၊ သွေးချိုရောဂါအခံ ရှိသူတွေလည်း သေဆုံးလာတာတွေ ရှိပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြဖို့နဲ့ ပိုးကူးစက် မခံရအောင်လည်း နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေါက်တာဝတ်မှုံက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး Positive လူနာ စတင်တွေ့ရှိခဲ့သည့် ဧပြီလ ၈ ရက်မှ ဒီဇင်ဘာလ ၈ ရက်အထိ မွန်ပြည်နယ် အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ Positive လူနာစုစုပေါင်း ၁၈၆၈ ဦးအထိရှိပြီး ရောဂါသက်သာ ပျောက်ကင်းသွားသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရသူ အရေအတွက်မှာ ၁၅၂၅ ဦးရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
