ဂရမ်မီဆုရ နာမည်ကြီး အင်္ဂလိပ်ပေါ့ပ် အဆိုတော် အက်ဒ်ရှီးရန်က နွေရာသီတွင် ကစားသမားတစ်ဦးခေါ်ယူနိုင်ရန် ကူညီပေးခဲ့ကြောင်း အစ်ဆွစ်ချ်အသင်း အမှုဆောင်ချုပ် မာ့ခ်အက်ရှ်တန်က ထုတ်ဖော်ပြောကြားခဲ့သည်။
အက်ဒ်ရှီးရန်သည် အစ်ဆွစ်ချ်အသင်း၏ အမာခံပရိသတ်တစ်ဦးဖြစ်သလို ရှယ်ယာရှင်နှင့် စပွန်ဆာတစ်ဦးအဖြစ်လည်း ရပ်တည်နေသူဖြစ်သည်။ ၎င်းသည် ၂၀၂၁-၂၀၂၂ ရာသီကတည်းက အစ်ဆွစ်ချ်အသင်းအား အကျႌရင်ဘတ်စပွန်ဆာပေးထားပြီး ယခုနှစ် သြဂုတ်တွင် အသင်း၏ရှယ်ယာ ၁ ဒသမ ၄ ရာခိုင်နှုန်းကိုလည်း ဝယ်ယူခဲ့သည်။
နွေရာသီတွင် အက်ဒ်ရှီးရန်၏ပရိသတ်ဖြစ်သည့် ကစားသမားကို ခေါ်ယူရန် ကြိုးပမ်းနေစဉ် ၎င်းမှာ တေလာဆွစ်နှင့် ဖျော်ဖြေပွဲပြုလုပ်ရန်ရှိနေသော်လည်း Zoom ဖြင့် ဖုန်းခေါ်ဆို၍ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သူက ဒေသခံတစ်ဦး၊ ကမ္ဘာလုံးဆိုင်ရာ စူပါစတာတစ်ဦး၊ အသင်းရဲ့ စပွန်ဆာကနေ အခုဆိုရင် ရှယ်ယာရှင်တစ်ယောက်၊ ကျွန်တော်တို့ ကစားသမားခေါ်ယူရေးအဖွဲ့ရဲ့ တရားဝင်အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ နွေရာသီမှာ ကျွန်တော်တို့က ကစားသမား တစ်ဦးခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး သူက အက်ဒ်ရှီးရန်ရဲ့ ပရိသတ်တစ်ယောက်ဆိုတာ ခပ်မြန်မြန်ပဲ သိလိုက်ရတယ်။ အက်ဒ်က တေလာဆွစ်နဲ့ ဖျော်ဖြေပွဲအတွက် စင်ပေါ်မတက်ခင်မှာပဲ လေ့ကျင့်ရေးကွင်းမှာရှိနေတဲ့ အဲဒီကစားသမားဆီကို Zoom ကနေ ဖုန်းခေါ်ခဲ့တယ်။ အဲဒါက သူ့ကိုခေါ်ယူနိုင်ဖို့ အဓိကအစိတ် အပိုင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု အမှုဆောင်ချုပ် အက်ရှ်တန်က ဆိုသည်။
အက်ရှ်တန်က ယင်းကစားသမား၏ အမည်ကို ပြောကြားခြင်းမရှိသော်လည်း ဘလက်ဘန်းအသင်းမှ ခေါ်ယူခဲ့သည့် အိုင်ယာလန်တိုက်စစ်ကစားသမား ရှမော့ဒစ်ဖြစ်နိုင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
