အသင်း ၆၀ မှ ၈၀ အထိပါဝင်မည့် ဥရောပစူပါလိဂ်အစီအစဉ်သစ်မှာ ပြည်တွင်းလိဂ်ပြိုင်ပွဲများအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး ထိပ်သီးအသင်းများ၏ အကျိုးစီးပွားအတွက်သာ ဖန်တီးထားခြင်းဖြစ်ကြောင်း လာလီဂါပြိုင်ပွဲက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
A22 ဟုအမည်ရသည့် အားကစားစီမံခန့်ခွဲမှုကုမ္ပဏီက ဥရောပစူပါလိဂ်အစီအစဉ်သစ်ကို ကြာသပတေးနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး အသင်း ၆၀ မှ ၈၀ အထိပါဝင်သည့် လိဂ်ပြိုင်ပွဲလေးခု ကျင်းပမည်ဖြစ်ကြောင်း၊ ဥရောပစူပါလိဂ်တွင် အမြဲတမ်းပါဝင်ခွင့်ရ မည့်အသင်းမရှိဘဲ တစ်သင်းလျှင် အနည်းဆုံး ၁၄ ပွဲစီ ကစားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဥရောပထိပ်သီးကလပ် ၁၂ သင်းပါဝင်သည့် စူပါလိဂ်အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဧပြီတွင် စတင်ကြေညာစဉ် လိဂ်ပြိုင်ပွဲများ၊ ပရိသတ်များ၊ ကစားသမားများနှင့် နိုင်ငံရေးလောကမှ ထင်ရှားကျော်ကြားသူများ၏ ကန့်ကွက်မှုကြောင့် ရက်ပိုင်းအကြာမှာပင် အသင်း အများစု ပြန်လည်နုတ်ထွက်ခဲ့ကြပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်စသည့် သုံးသင်းသာ ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။
ဥရောပစူပါလိဂ်အစီအစဉ်သစ်နှင့်ပတ်သက်၍ လာလီဂါပြိုင်ပွဲက "ယနေ့ စူပါလိဂ်စီစဉ်သူတွေက အခြေခံမူတွေ တင်ပြခဲ့ကြပြီး ဒါဟာ ပြည်တွင်းဘောလုံးပြိုင်ပွဲတွေအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်တယ်လို့ မှတ်ယူပါတယ်။ ဒါ့အပြင် အဆိုပြုထားတဲ့ အုပ်ချုပ်မှုပုံစံက ဒီမိုကရေစီနည်းကျမဟုတ်ဘဲ အလယ်အလတ်နဲ့ အသင်းငယ်တွေကို ချန်ထားပြီး ချမ်းသာတဲ့အသင်းအချို့ကိုပဲ အခွင့်အာဏာနဲ့ ဆုံးဖြတ်ချက်တွေ ပေးထားပါတယ်။ စူပါလိဂ်စီစဉ်သူတွေက သူတို့အဆိုပြုထားတဲ့ ပြိုင်ပွဲဟာ ပွင့်လင်းမှုရှိတယ်ဆိုပေမဲ့ တကယ်တော့ သူတို့က ဥရောပဘောလုံးလောကကို ထိပ်သီးအသင်းကြီးတွေရဲ့ အကျိုးစီးပွားနဲ့ စီးပွားရေးအရ လုံခြုံမှုရှိရေးအတွက် ပြန်လည်ရေးဆွဲနေတာပါပဲ။ ဒီအစီအစဉ်က ၂၀၁၉ ခုနှစ်ကတည်းက တင်ပြထားပြီး လေ့လာသုံးသပ်မှုတွေ လုပ်ပြီးတော့ ငြင်းဆန်ထားပြီးသားပါ။ အဓိကအချက်ကတော့ စူပါလိဂ်ဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေအတွက် ဘေးအန္တရာယ်တစ်ခုပါပဲ။ KPMG (စာရင်းအင်းကုမ္ပဏီ) ရဲ့ အစီရင်ခံစာမှာ ဖော်ပြမှုအရ ဒါဟာ ဥရောပတစ်လွှားက အလယ်အလတ်နဲ့ အသင်းငယ်တွေကို နစ်မြုပ်သွားစေမှာဖြစ်ပြီး ဥရောပဘောလုံးလောကကို သေဆုံးစေမှာပါ" ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
A22 ၏ အမှုဆောင်ချုပ်ဖြစ်သူ ဘန်းရိန်းချက်ကမူ ဥရောပဘောလုံး၏ အခြေခံအုတ်မြစ်များမှာ ပြိုလဲသွားနိုင်သည့်အန္တရာယ်ရှိနေသဖြင့် အပြောင်းအလဲပြုလုပ်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
