လာလီဂါချန်ပီယံဆုမှာ မိမိတို့လက်ထဲရောက်နေပြီဟု ဘာစီလိုနာနောက်ခံလူ ယော်ဒီအယ်လ်ဘာ ပြောကြား
24htopnews | November 24, 2024 7:12 PM CST
ဘာစီလိုနာနောက်ခံလူ ယော်ဒီအယ်လ်ဘာက လာလီဂါချန်ပီယံဆုမှာ မိမိတို့လက်ထဲရောက်နေပြီဖြစ်ပြီး အရယူသွားမည်ဟု ကြုံးဝါးပြောကြားခဲ့သည်။
လာလီဂါပွဲစဉ် ၂၀ အပြီး တွင် ဘာစီလိုနာအသင်းသည် ရမှတ် ၅၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေပြီး ဒုတိယနေရာမှ ရီးယဲလ်မက်ဒရစ်အသင်း (၄၅ မှတ်)ကို ရှစ်မှတ်အထိ ဖြတ်ထားသည်။
ထို့ကြောင့် ဘာစီလိုနာနောက်ခံလူ ယော်ဒီအယ်လ်ဘာက လာလီဂါချန်ပီယံဆုမှာ မိမိတို့လက်ထဲရောက်နေပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ယော်ဒီအယ်လ်ဘာက " ဒီရာသီလာလီဂါပြိုင်ပွဲ ပြီးဆုံးဖို့က အများကြီးကျန်ပါသေးတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ရီးယဲလ်မက်ဒရစ်အသင်းက နောက်ဆုံးအချိန်အထိ ကျွန်တော်တို့ကို ဖိအားပေးဖို့ ကြိုးစားမှာဖြစ်လို့ ပေါ့ဆလို့မရပါဘူး။ လက်ထဲရောက်နေတဲ့ လာလီဂါဖလားကို ကျွန်တော်တို့ သိမ်းပိုက်သွားမှာပါ}}ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
