ပြင်သစ်ထိပ်သီး PSG အသင်းသည် မန်စီးတီးအသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် နည်းပြ ဂွါဒီယိုလာအား ကမ်းလှမ်းရန် ဆန္ဒရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ဖေဖော်ဝါရီ ၆ ရက်တွင် မန်စီးတီးအသင်းအား ဘဏ္ဍာရေးစည်းမျဉ်းကို အကြိမ် ၁၀၀ ကျော် ချိုးဖောက်မှုဖြင့် စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားပါက ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည့်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ဂွါဒီယိုလာသည် ၂၀၂၀ တွင် မန်စီးတီးအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်မည်ဆိုပါက မိမိအနေဖြင့် အသင်းမှထွက်ခွာမည်ဟု ပြောကြားခဲ့ဖူးသည်။ ထို့ကြောင့် ယခုပြဿနာထွက်ပေါ်လာချိန်တွင် ဂွါဒီယိုလာအနေဖြင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၅ ခုနှစ်အထိ စောင့်မည်မဟုတ်ဘဲ ရာထူးမှ ထွက်ခွာဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။
ယခုအခါ စပိန်သတင်းစာ Fichajes ၏ ဖော်ပြမှုအရ ပြင်သစ်ထိပ်သီး PSG အသင်းသည် မန်စီးတီးအသင်း၏ အခြေအနေကို အလေးထားစောင့်ကြည့်နေပြီး ဂွါဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။ PSG အသင်းသည် ဂွါဒီယိုလာသာ လာမည်ဆိုပါက လက်ရှိနည်းပြ ဂယ်လ်ချီကို ရာထူးမှထုတ်ပယ်ရန် အသင့်ရှိနေကြောင်း သိရှိရသည်။
PSG အသင်းသည် ဥရောပထိပ်တန်းနည်းပြ ဂွါဒီယိုလာကို နည်းပြအဖြစ်ခန့်အပ်ရန် ဆန္ဒပြင်းပြနေပြီး ဂွါဒီယိုလာအနေဖြင့် PSG နည်းပြဖြစ်လာပါက ဘာစီလိုနာတွင် လက်တွဲဖူးသည့် မက်ဆီနှင့် ပြန်လည်လက်တွဲရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
