Top News

ငယ်ရွယ်သူ များပြားလွန်းသောကြောင့် တောင့်တင်းသည့်အသင်း ချက်ချင်းမဖြစ်နိုင်ဟု ပိုချက်တီနို ဝန်ခံ
24htopnews | November 24, 2024 10:12 PM CST

 

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက မိမိတို့အသင်းရှိ ကစားသမားအများစုမှာ ငယ်ရွယ်ကြသူများဖြစ်ပြီး ယင်းအတွက်ကြောင့် တောင့်တင်းသည့်အသင်းတစ်သင်း ချက်ချင်းဖြစ်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"ဒါက ရင့်ကျက်မှုနဲ့ အံဝင်ခွင်ကျ ဖြစ်မှုပါပဲ။ ငယ်ရွယ်သူတွေဟာ အခြေကျဖို့ အချိန်လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ထားဖို့ လိုပါတယ်။ ဒီအသင်းမှာ ပြောင်းလဲမှုတွေ များစွာဖြစ်ခဲ့တယ်။ ပြီးတော့ အရိုးသားဆုံးပြောရရင် ချက်ချင်းအခြေကျဖို့ မ လွယ်ပါဘူး။ လူငယ်ကစားသမားတွေများစွာ ရောက်လာတဲ့အသင်းဟာလည်း ချက်ချင်းတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ဖို့ မရှိပါဘူး။ ဒါဟာ ကိတ်ပေါ်က ချယ်ရီသီးလို မဟုတ်ပါဘူး။ ဒီကောင်လေးတွေ၊ ငယ်ရွယ်ပြီး အရည်အသွေးရှိတဲ့ ကစားသမားတွေအပေါ် ကျွန်တော် ယုံကြည်မှုရှိပါတယ်။ ချယ်လ်ဆီး နည်းပြအလုပ်က ဖိအားကြီးမားတဲ့ အလုပ်ပါပဲ။ တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်။ ဒါပေမဲ့ သွားခဲ့တဲ့အဆင့်တွေက မြန်လွန်းအားကြီးပါတယ်။ တစ်ခါတစ်ရံမှာ လူတွေဟာ သည်းခံနိုင်စွမ်း မရှိပါဘူး။ ကျွန်တော်တို့ကတော့ အရေးနိမ့်ခဲ့ရင်တောင်မှ သည်းခံနိုင်စွမ်းရှိရပါမယ်"ဟု ပိုချက်တီနိုကပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဖူလ်ဟမ်အား အနိုင်ရပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၁ နေရာတွင် ရပ်တည်နေလျက်ရှိသည်။


READ NEXT
Cancel OK