Top News

မိုက်ကယ်အိုလီဗာအပါအဝင် ပရီးမီးယားလိဂ်ဒိုင်လူကြီးများကို ဆော်ဒီလိဂ် ချဉ်းကပ်
24htopnews | November 24, 2024 10:12 PM CST

ဥရောပမှ ထိပ်တန်းဒိုင်လူကြီးများကို ခေါ်ယူရန် စီစဉ်နေသည့် ဆော်ဒီလိဂ်သည် မိုက်ကယ်အိုလီဗာအပါအဝင် ပရီးမီးယားလိဂ်ဒိုင်လူကြီးများကို စတင်ချဉ်းကပ်မှုပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

မိုက်ကယ်အိုလီဗာသည် ဧပြီလအတွင်းက အယ်လ်နာဆာအသင်းနှင့် အယ်လ်ဟီလာအသင်းတို့၏ ဆော်ဒီလိဂ်ပွဲစဉ်ကို သွားရောက်ကိုင်တွယ်ပေးခဲ့ဖူးသလို၊ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းတွင်လည်း ယူအေအီးလိဂ်ပွဲစဉ်တစ်ပွဲကို သွားရောက်ကိုင်တွယ်ပေးခဲ့သည်။

ထို့ ကြောင့် ဆော်ဒီလိဂ်သို့ ရောက်ရှိနိုင်သည့် ဒိုင်လူကြီးအဖြစ် ထင်ကြေးပေးခံနေရသည်။

ဆော်ဒီလိဂ်သည် ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကိုင်တွယ်ခဲ့သည့် ပိုလန်ဒိုင်လူကြီး မာစီနီယပ်ခ်ကိုလည်း ချဉ်းကပ်နေကြောင်း သိရသည်။ 


READ NEXT
Cancel OK