ရီယဲလ်အသင်းမှ ဂျာမန်ကွင်းလယ်ကစားသမား တိုနီကရို့စ်သည် ကလပ်အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်သည့် (၂၇)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်တော့မည်ဖြစ်ကြောင်း သိရသည်။
တိုနီကရို့စ်(၃၃ နှစ်)သည် ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ပွဲပေါင်း (၉၉)ပွဲ ယှဉ်ပြိုင်ကစားထားပြီး ဖြစ်သောကြောင့် ယနေ့ည နာပိုလီနှင့်ပွဲတွင် ပွဲ(၁၀၀)ပြည့်မည်ဖြစ်သည်။
တိုနီကရို့စ်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် ချန်ပီယံလိဂ်(၄၁)ပွဲ ယှဉ်ပြိုင်ကစားခဲ့သောကြောင့် နှစ်သင်းပေါင်းဆိုလျှင်မူ စုစုပေါင်း(၁၄၀) ပွဲရှိနေပြီဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကလပ်တစ်သင်းတည်းအတွက် မဟုတ်ဘဲ ယင်းကဲ့သို့ ကလပ်အသင်းအစုံနှင့် ချန်ပီယံလိဂ်ပွဲ(၁၀၀)နှင့်အထက် ယှဉ်ပြိုင်ကစားထားသည့် ကစားသမားမှာ စုစုပေါင်း (၄၇)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကလပ်တစ်သင်းတည်းအတွက် ချန်ပီယံလိဂ် ပွဲ(၁၀၀)နှင့်အထက် ကစားထားသူမှာမူ လက်ရှိအချိန်အထိ (၂၆)ဦးရှိနေသည်။
ယင်းစာရင်းတွင် လက်ရှိဘာစီလိုနာနည်းပြ ဇာဗီက (၁၅၁)ပွဲဖြင့် ဦးဆောင်နေပြီး ရီးယဲလ်ကစားသမားများက (၈)ဦးဖြင့် အများဆုံးပါဝင်နေသည်။
တိုနီကရို့စ်မတိုင်မီ တစ်သင်းတည်းအတွက် ချန်ပီယံလိဂ်ပွဲ(၁၀၀) ပြည့်ထားသည့် ရီးယဲလ်ကစားသမားများမှာ ကာဆီးလက်စ်၊ ဘန်ဇီမာ၊ ရာအူးလ်၊ ရာမို့စ်၊ မိုဒရစ်၊ ရောဘတ်တိုကားလို့စ်၊ မာဆယ်လိုနှင့် စီရော်နယ်လ်ဒိုတို့ဖြစ်သည်။
ချန်ပီယံလိဂ် ပြိုင်ပွဲ၌ ပွဲ(၁၀၀)နှင့်အထက် ယှဉ်ပြိုင်ကစားပြီး ချန်ပီယံလိဂ်ဖလား မရဖူးသည့်ကစားသမား (၄)ဦးသာရှိပြီး ၎င်းတို့မှာ အီဘရာဟီမိုဗစ်၊ ဘူဖွန်၊ ဖာဘရီဂတ်စ်နှင့် ဖာနန်ဒင်ဟိုတို့ဖြစ်ကြောင်း သိရသည်။
တိုနီကရို့စ်မှာ ချန်ပီယံလိဂ်ဖလား(၅)ကြိမ် ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
