Top News

နယူူးကာဆယ်နဲ့ မရဏအုပ်စုကံကြမ္မာ
24htopnews | November 24, 2024 10:12 PM CST

နယူးကာဆယ်အသင်းကတော့ အုပ်စုအဆင့်ကိုတောင် မကျော်နိုင်ခဲဲ့ဖူးတာကြောင့် ဒီအုပ်စုထဲမှာ အစဉ်အလာ အနိမ့်ပါးဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားမှုမှာ PSG ရဲ့နောက် ဒုတိယနေရာမှာရှိနေတဲ့ နယူးကာဆယ်အသင်းကို ဘယ်သူမှ လျှော့မတွက်ရဲတာတော့ သေချာပါတယ်။ ဒါက ဆော်ဒီစော်ဘွားတွေရဲ့ ငွေပုံပေါ်ကနေ အင်အားကြီးအသင်းတစ်သင်းဖြစ်လာတဲ့ နယူးကာဆယ်ကို အထင်ကြီးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဥရောပပြိုင်ပွဲတွေနဲ့ ကင်းကွာနေတာကြာပြီဖြစ်တဲ့၊ ချန်ပီယံလိဂ်အတွေ့အကြုံနည်းပါးလွန်းတဲ့ နယူးကာဆယ်အသင်းအနေနဲ့ အုပ်စုကျပ်ထဲက ရုန်းထွက်နိုင်တဲ့အထိ စွမ်းဆောင်ပြနိုင်ပါ့မလားဆိုတာတော့ သံသယဝင်စရာပါ။ ပြီးတော့ မရဏအုပ်စုတွေထဲမှာ အခါခါကျရှုံးခဲ့ဖူးတဲ့ အစဉ်အလာလည်း နယူးကာဆယ်အသင်းမှာ ရှိနေခဲ့ပါသေးတယ်။ ဒီရာသီ နယူးကာဆယ်အသင်းရဲ့ ကံကြမ္မာကရော ဘယ်လိုရှိလာမလဲ။ မရဏအုပ်စုမှာ ကျရှုံးကျန်ရစ်ခဲ့ရမယ့်နှစ်သင်းက ဘယ်သူတွေ ဖြစ်လာမလဲ။ ဒီအကြောင်းအရာတွေက ဒီရာသီချန်ပီယံလိဂ်ရဲ့ ရင်ခုန်စရာတွေထဲ ပါဝင်နေမှာတော့ သေချာပါတယ်။ 


READ NEXT
Cancel OK