ကျွန်တော်တို့ မြို့လေးဟာ အေးချမ်းတယ်။ မြို့သူမြို့သားတွေဟာ အလုပ်ကြိုးစားပြီးကူညီလို စိတ်ပြင်းထန်တယ်။ စျေးဝယ်စင်တာကြီးတွေ မရှိ၊ မက်ဒေါ်နယ်ဆိုင်မရှိပေမယ့် ရိုးသားဖြူစင်မှုတွေ ရှိတယ်။ လေ့ကျင့်ရေးကွင်းကနေ ကျွန်တော်ပြန်လာတိုင်း အပြုံးတွေနဲ့ ဆီးကြိုတတ်တယ်။ ဒါပေမဲ့ ရုပ်သံသတင်းတွေကြည့်တဲ့အခါ နာကျင်မှုဟာ ကျွန်တော့်ကို လာရိုက်ခတ်တယ်။ ဘရာဇီးလ်ရဲ့ အဖြစ်မှန်တချို့ဟာ ကျွန်တော့်ကိုဝမ်းနည်းစေတယ်။ ဆင်းရဲမွဲတေမှုနဲ့ ဒုစရိုက်ဂိုဏ်းတွေ၊ လူတန်းစားမညီမျှမှုတွေ၊ ဘရာဇီးလ်ကိုကျွန်တော်ချစ်သလို၊ ဘရာဇီးလ်ကို ကျွန်တော် တစ်ခါတလေ မုန်းမိတယ်။ နာကျင်မှုတွေကို ဆမ်ဘာအကတွေနဲ့ ဖုံးကွယ်ထားတဲ့ နိုင်ငံတော်ပါပဲ။ ဘရာဇီးလ်အတွက် ပျော်ရွှင်မှုတွေ ကျွန်တော်ယူပေးချင်တယ်။ ကျွန်တော့်နှလုံးသားထဲ ဘရာဇီးလ်အသင်းဟာ ဘယ်လောက်နေရာယူထားလဲဆိုတာ ခင်ဗျားတို့မြင်ဖူးပါလိမ့်မယ်။ ဘရာဇီးလ်အတွက် ဝင်ကစားခွင့်ရပြီး ဂိုးမသွင်းနိုင်ရင် ကျွန်တော် နာကျင်ရတယ်။ မျက် ရည်ကျတဲအထိ ခံစားရတယ်။ ဘရာဇီးလ်အတွက် ကျွန်တော် ထုတ်ဖော်ပြောဆိုချင်တယ်။ ဘရာဇီးလ်ရဲ့ အသည်းနှလုံးဟာ ဘောလုံးအားကစားနည်းဖြစ်လို့ ကမ္ဘာ့ဖလားဆိုတာ ချစ်ခြင်းမေတ္တာ ဇာတ်လမ်းတစ်ပုဒ်ပဲ။ လိုအပ်ချက်တွေများတဲ့ ဘရာဇီးလ်ပြည်သူတွေအတွက် ဘောလုံးအားကစားနည်းဟာ၊ ကမ္ဘာ့ဖလားဟာ ပျော်ရွှင်မှုပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
