Top News

ယခုလအတွင်းကျင်းပမည့် ရန်ပုံငွေပွဲတစ်ခုတွင် အသင်းလက်မဲ့ဖြစ်နေသည့် ဟာဇက် ပါဝင်ကစားမည်
24htopnews | November 24, 2024 10:12 PM CST

 

ရီးယဲလ်မက်ဒရစ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် တောင်ပံတိုက်စစ်ကစားသမား ဟာဇက်သည် ယခုလအတွင်း ရန်ပုံငွေပွဲတစ်ခုတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ဟာဇက်သည် အောက်တိုဘာလ ၁၈ ရက်တွင် Varietes Club de France အတွက် ရန်ပုံငွေပွဲ ကစားမည်ဖြစ်ပြီး VCF ကို ၁၉၇၁ ခုနှစ်၌ တည်ထောင်ကာ တစ်နှစ်လျှင် ရန်ပုံငွေပွဲ ၄၀ ကျော် ကစားလျက်ရှိသည်။  

ဟာဇက် ပါဝင်ကစားမည့် ရန်ပုံငွေပွဲ၌ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားများဖြစ်သည့် ဒေးရွှမ့်၊ ဘလန့်၊ ပီရက်စ်နှင့် ကာရမ်ဘူ တို့အပြင် လိုင်လီအသင်းဖော်ဟောင်းများဖြစ်သည့် ဒီဘူချီနှင့် ကာဘာယီတို့လည်း ပါဝင်ကြမည်ဖြစ်သည်။ 

ဟာဇက်အနေဖြင့် သူ၏ ပရိုဘောလုံးသမားဘဝအပေါ် ကြေညာချက် မထုတ်ပြန်သေးကြောင်း သိရသည်။


READ NEXT
Cancel OK