မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေရောင်းဝယ်မှု လုပ်ငန်းအပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်စည်းကြပ်မှုနှုန်းထားများ (ရာဖြတ်တန်ဖိုး) ကို ယခုဘဏ္ဍာနှစ်တွင် ပျမ်းမျှ ရာခိုင်နှုန်း ၃၀ ခန့် လျှော့ချသတ်မှတ်ထားကြောင်း တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ သိရသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အိမ်ခြံမြေအခွန်စည်းကြပ်မှုနှုန်းထားများကို မြေပြင်အနေအထားနှင့် လိုက်လျောညီထွေရှိရန် နှစ်အလိုက် သတ််မှတ်ထုတ်ပြန်ပေးခြင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉အတွက် ၂၀၁၈ ခုနစ် အောက်တိုဘာလက အများသိရှိစေရန် ကြေညာခဲ့ကာ ယင်းကဲ့သို့ လျှော့ချသတ်မှတ်ခြင်းကြောင့် လာရောက်အခွန်ပေးဆောင်မှု များပြားလာကြောင်း သိရသည်။
“အိမ်ခြံမြေအခွန်စည်းကြပ်မှုနှုန်းထားက ၂၀၁၇-၁၈ ထက် ပျမ်းမျှရာခိုင်နှုန်း ၃၀ လောက် လျော့တော့အခွန်ဆောင်သူနှစ်ဆလောက် တိုးလာတယ်။ ဒါကလည်း တိုင်းဝန်ကြီးချုပ်ရဲ့ သဘောတူညီမှုအရပေါ့။ နှုန်းထားတွေ အရမ်းများနေလို့ ကွင်းဆင်းကြည့်ပါ ပြောလို့မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ပေးခဲ့တယ်။ ဒီတော့ လိုလိုလားလားနဲ့လာပြီးတော့ ဆောင်ကြတဲ့အတွက် အရင်နှစ်တွေထက်စာရင် လာရောက်ပေးဆောင်မှုက နှစ်ဆလောက် မြင့်တက်လာတယ်” ဟု မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးက ပြောကြားသည်။
ယင်းကဲ့သို့ လျှော့ချသတ်မှတ်ပေးမှုကြောင့် အရောင်းအဝယ်ဖြစ်သော ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်များမှ လာရောက်အခွန်ဆောင်မှုများပြားကာ ယခုနှစ်ပိုင်းတွင် မဟာအောင်မြေမြို့နယ်မှလည်း လာရောက်အခွန်ဆောင်မှု များပြားလာကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ လာရောက်ပြီး အခွန််ဆောင်သည့် အမှုတွဲ ၁၀၀ မှ ၁၅၀ ထိရှိလာပြီး ရောက်ရှိလာသည့် အမှုတွဲများကို တစ်လလျှင် တစ်ကြိမ်အစည်းအဝေးမှ ပြီးပြတ်အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာန မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ် အခွန်လျာထားချက်မှာကျပ် ၁၅၇ ဘီလျံရှိပြီး ဇန်နဝါရီလလယ်ခန့်အထိ ၂၃ ဘီလျံ ကောက်ခံရရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
